မောင် ပေAugust 12, 20131min28412
ငါးချဉ်ဆိုလို ့ … ခင်ဗျားတို ့လဲ မြင်ဖူးကြမယ် ထင်ပါရဲ ့ ပုစွန်ချဉ်တို ့ ငါးဖယ်ချဉ်တို ့လိုမျိုးပေါ့ဗျား ကျုပ် ဒီစာကို ရေးမလို ့လုပ်တုန်း ၊ မိုးတွေရွာနေတယ်ဗျ ကျုပ်လဲ ဘယ်ကနေဘယ်လို လမ်းပေါ်ရောက်နေမှန်း စဉ်းစားလို ့ကို မရပါဘူးဗျာ ဒါနဲ ့မျက်နှာမူရာဘက် ခြေလှမ်းတွေလှမ်းနေမိရင်း ၊ တစ်နေရာ ရောက်တော့ လူအုပ်ကြီးတစ်အုပ် ဆူဆူညံညံဖြစ်နေတာကို တွေ ့မိပါရဲ ့ ဒါနဲ ့၊ ဝင်စပ်စုကြည့်တော့… အလယ်ခေါင်မှာ လူတစ်ယောက် ( ယောက်ျားတစ်ယောက် ) ၊ သွေးသံအလိမ်းလိမ်းနဲ ့စုတ်ပြတ်သပ်နေတယ် ။ သူ ့အနောက်က နံရံပေါ်မှာ သင်္ဘောဆေးနဲ ့ “ ဤ ” […]


မောင် ပေMay 21, 20131min26115
ဘာများပါလိမ့် ဆိုတော့… ဒီလိုပါ… အဲဒီပုံကို ရိုက်ရဖို ့အတွက် ၊ မြန်မာစည်ဘီယာ ၅ခွက်လောက် သောက်ရပါတယ် ။ နွေရာသီ ရဲ ့ပူလောင်တဲ့ ညတစ်ညမှာ ဘီယာသောက်ခဲ့ကြစဉ်တုန်းကပါ ။ ကျုပ် ကိုယ်တိုင် ၊ တရုတ် ဟွာဝေ ဟန်းဆက် လေး နဲ ့ရိုက်ခဲ့တာပါ ။ ““““ ဘယ် www.google.com ဘယ် wikipedia မှ လဲ ခပ်တည်တည်နဲ ့ကူးပြီး ကိုယ်ပိုင်ဖန်တီးထားတာလို အင်ထုထားတာ မဟုတ်လို ့၊ ခရက်ဒစ် လဲ မပေးထားပါဘူး ။ ”””” အဲဒါဗျာ… စာဖတ်သူတွေ လဲ သိပြီးသား ကိစ္စပါ ။ ပိုက်ဆံ ချမ်းသာတဲ့ ယောက်ျားတစ်ယောက် မိန်းမ […]


မောင် ပေMay 9, 20131min32718
မိုးကလေးက စိုတိုတိုရုံတင်မက (တင်မက လို ့ ဖင်က လားလို ့ကျွန်ုပ်အား လာမမေးကြပါနှင့် ၊ နှာအထူးကျွမ်းကျင်သူ ရွာသား “ မိုပိုင်း ” ဆိုသူအား သွားရောက်မေးကြပါရန်) ……. ဝုန်းဒိုင်းနဲ ့ ၊ မိုးသီးကြီးတွေ မိုးသီးလေးတွေ မိုးသီးဇွန်တွေပါ ပါလာတော့ မန်းတလေးမြို ့မှာ သစ်ပင်တွေ၊ ဓါတ်တိုင်တွေ ၊ ကြေညာဘုတ်တွေ ပါ မြေခကြရကုန်ရှာပေါ့လား ။ အဲ့ချိန်မှာ ကံထူးရှင် ကျွန်ုပ် မောင်ပေ မှာ ရန်ကုန်-မန်းတလေး အမြန်လမ်းမကြီး တွင် စူပါကပ်စတမ်ကားပေါ်နှိုက် ထန်းရည်လေးသောက်ရင်း ပဲကြီးလှော်လေးဝါးရင်း ၊ ထွေးညိုဘူးလေးကို ရင်မှာပိုက်ကာ ဇိမ်ကြခဲ့လေသည် တမုံ ့။ ထိုထွေးညိုဘူး ရရှိခဲ့ပုံမှာ… လမ်းခရီးဘေးတွင် ကျွန်ုပ် […]


မောင် ပေMarch 24, 20131min1909
ဘယ်သူတွေ ဘာဖြစ်ဖြစ် ကိုယ်မနာတတ်ဘူးလို ့ မထင်ခဲ့ဘူးတဲ့ ကဗျာရေးသူ ။ ညောင်ဦးကမ်းပါးပြိုတာနဲ ့စမ္မနဂိုက နွားမပေါင်ကျိုးသလို……. ။ လက်သည်းဆိတ်တော့ လက်ထိပ်ပါနာတဲ့ ကဗျာရေးသူ ။ ကျောက်စိမ်းမှော်ထဲမှာ ပေါက်တူးတစ်လက်နဲ ့စွန် ့စားချင်သော ကဗျာရေးသူ ။ ကြေးနီရှာထားတဲ့ တွင်းနက်ကြီးထဲကို ဆင်းပြီး ဓါတ်ပုံရိုက်ချင်သော ကဗျာရေးသူ ။ မိတ်ထီလာမှာ ထမင်းထုပ်သွားဝေချင်သော ကဗျာရေးသူ ။ ဝန်ထမ်းတွေလခတွေ တိုးတော့မယ်ဆိုတော့ ပျော်မိတဲ့ ကဗျာရေးသူ ။ ကုန်စည် သယ်ယူပို ့ဆောင်ခတွေ အရင်ဈေးတက်ကုန်လို ့စိတ်ပျက်တဲ့ ကဗျာရေးသူ ။ ကုန်စည်တွေလဲ ဈေးရောတက်တာကို စိတ်ပျက်တဲ့ ကဗျာရေးသူ ။ စားသုံးသူတွေ ဈေးကြီးပေးဝယ်ရတော့မှာကို စိတ်ပျက်နေတဲ့ ကဗျာရေးသူ ။ လမ်းပေါ်မှာသွားလာလှုပ်ရှားနေတဲ့လူတွေလို အရိပ်အေးအေးလေးမှာနေချင်တဲ့ […]


မောင် ပေDecember 30, 20121min28820
ကိုဘမောင်….. အရမ်းချမ်းသာသော သူဌေးကြီး တစ်ယောက်ဟု မဆိုနိုင်သော်လည်း ၊ ပိုက်ဆံတော်တော်ရှိသည် ဟု ပြောလို ့ရနိုင်သည့် လူတစ်ယောက် ။ တစ်နှစ်ကို သုံးလေးလလောက်သာ အလုပ်လုပ်ရသည် ။ ပြီးလျှင် သူ ့မိန်းမ နား ကပ်နေပေတော့ သူ ့အလုပ်က တိုးကားမောင်းသော အုံနာဒရိုက်ဘာ ၊ သူ ့ကား က အိပ်ပက်လက် ဂျပန်ကား နှစ်စဉ် သီတင်းကျွတ်နောက်ပိုင်းဆိုလျှင် ကိုဘမောင်တစ်ယောက် ကား ၃/၄ လလောက်မောင်းပြီး ၊ သူ ့အလုပ်ပြီးသည် ။ ယခု ပွင့်လင်းရာသီပြီးခါနီးပြီဖြစ်ရွေ ့၊ မိန်းမအိမ်ပြန်ကပ်ရင်း ၊ အရက်လေးတစ်မြမြ ၊ အပတ်စဉ်ထွက်သမျှ ဂျာနယ်များဝယ်ဖတ်ကာ ရပ်ကွက်ထဲရှိ အပေါင်းအသင်းများနှင့် လေပွားဇိမ်ကြနေသည်။ သူလက်ရှိရောက်နေသော ဘဝ […]


မောင် ပေOctober 22, 20121min36425
သိပ်မကြာသေးတဲ့ တစ်ရက်တုန်းကပါဗျာ.. ရှောင်လို ့မရတဲ့ ဘီယာသောက်ဝိုင်းတစ်ဝိုင်းမှာ အဖော်အဖြစ်လိုက်သွားထိုင်ပေးရင်း ၊ ည၁၁နာရီလောက်ကြ ကိုယ်ထိုင်ပေးရတဲ့ ဆရာသမားများက အိမ်ကွင်းပြန်ကစားကြဖို ့ဆိုပြီး အလျှိုလျှိုပြန်သွားကြတယ် ။ တစ်ဆိုင်လုံးမှာလဲ ထိုင်သောက်နေတာဆိုလို ့ ကျုပ် တစ်ယောက်ပဲ ကျန်တော့တာ ။ ကျုပ်မှာတော့ သူရို ့နဲ ့ပျိုးခဲ့တဲ့ အရှိန်ကလေးကရနေ ၊ ပြန်ကလဲမပြန်ချင်သေးတာနဲ ့.. ဘီယာလေးတစ်ခွက်လောက်ဆက်သောက်နေတုန်း.. ကျုပ်ထိုင်နေတဲ့နံဘေးက အသက်၅ဝခန် ့ရှိပုံရတဲ့ ကချင်အဘိုးကြီးတစ်ယောက် ရောက်လာတယ် ။ ကျောမှာလဲ ပလက်စတစ်အိတ်အကြီးကြီးတစ်လုံးကို လွယ်ထားတာကို မြင်တော့ ကျုပ်လဲ သူတောင်းစားမှတ်ပြီး ၊ ၂၀ဝကျပ်တန် တစ်ရွက်ထုတ်ပေးလိုက်တယ် ။ အဘိုးကြီးက ကျုပ်ပေးတဲ့ ပိုက်ဆံကို မယူပဲ “ လူလေးရယ်.. အဘရေဆာလွန်းလို ့၊ အဘကို […]


မောင် ပေSeptember 23, 20121min48241
မောင်ပေ့ သူဌေးရဲ ့ ယောက်ခထီးကြီး နာမည်မှာ ဦးမြင့်လွင်တဲ့ ။ ဇာတိက ဝက်လက်နယ်ဘက်ကလို ့ပြောတာပဲ ။ ဝက်လက်နယ်ဘက်က ဆိုတော့ သိတဲ့အတိုင်းပဲ စကားပြောရင် ကပ်တပ်တပ် ၊ အဲ.. သတိ္တကတော့ ကောင်းမှကောင်းပဲ ။ သတိ္တကောင်းတယ်ဆိုတာထက် မိုက်တယ်ဆိုတာမျိုးတွေပေါ့ ။ မန်းတလေးအိုးဘိုထောင်ထဲက ဖိုက်တာတွေ ကြည့်လိုက်ရင် အဲဒီ ဝက်လက်ဘက်က လာတာတွေချည်းပဲ ။ ဓါးမြတိုက် လူသတ်မှုတွေနဲ ့ချည်း နှစ်ရှည်သမားတွေ ။ တစ်ခါက မောင်ပေ့ သူဌေး ရဲ ့ဘက်စ်မန်းတစ်ယောက် ရန်ဖြစ်ရင်း လက်လွန်သွားပြီး အိုးဘိုသွားရမယ်လဲ ဆိုရော … သတ်တုန်းက သတ်ခဲ့ပြီးမှ ထောင်ကျပြီဟေ့လဲ ဆိုရော… ကြောက်လို ့တဲ့ဗျာ .. မျက်ရည်တွေ တောက်တောက်ကျလို […]


မောင် ပေAugust 15, 20121min28517
ခေါင်းစဉ်ကတော့ ကိုပေါက်အနောက်ကလိုက်ခြင်းပေါ့ဗျာ… ဘာလို ့ဒီလိုခေါင်းစဉ်တပ်ထားလဲဆိုတော့ ကျွန်တော် ပြထားတဲ့ ဓါတ်ပုံက လမ်းပြောင်းပြန်ထွက်နေတဲ့ စစ်ကားတစ်စီးပုံကို ပြထားတာမို ့ပါ ။ “ လမ်းပြောင်းပြန်မောင်းတဲ့တစ်ခြားကားတွေကိုရိုက်ပြလဲ ရနေတာပဲဟာ… ဘာလို ့စစ်ကားကိုမှ ရိုက်ပြရလဲ ” လို ့မေးလာခဲ့ရင် ဒီလိုပါ တစ်ရက်ကပေါ့ဗျာ ပုံထဲပါ လမ်းကြားက မန်းတလေးမြို ့ဈေးချိုနာရီစင်အရှေ ့ဘက်က လမ်းကြားလေးထဲမှာပါ ဧရာဝတီဘဏ်ရှိတဲ့လမ်းကြားဗျ ။ ဒီလမ်းကြားထဲမှာ စက်ပစ္စည်းဆိုင်တွေ ၊ ကုန်မာဆိုင်တွေ ၊ အိမ်ဆောက်ပစ္စည်းဆိုင်တွေ ၊ ရေပိုက်ဆိုင်တွေ ၊ ငါးဖမ်းပိုက်ဆိုင်တွေ ၊ ဖိနပ်ဆိုင် ၊ ကြိုးဆိုင်… တော်တော်ကို စုံတဲ့လမ်းကြားလေးဗျ ။ အဲဒီလမ်းကြားက မြောက်ဘက်ကနေ တောင်ဘက်ကိုပဲ သွားရတဲ့ တစ်လမ်းမောင်းအဖြစ်သတ်မှတ်ထားတာ နှစ်ပေါင်း၁ဝနှစ်မက ကြာခဲ့ပါပြီတဲ့ […]


မောင် ပေJuly 16, 20121min170028
ဒီရက်ပိုင်းတွေအတွင်း အရမ်းကို ပျင်းနေခဲ့ပါတယ် ။ ပျင်းလွန်းလို ့ဂေဇက်လာတော့လဲ အပျင်းအားလုံး မပြေခဲ့ဘူး ။ ဒါနဲ ့အပျင်းပြေမလားဆိုပြီး အပတ်စဉ် ဝယ်ဖတ်နေကြ ဂျာနယ်တွေ ရွှေမန်းတလေး ဟဲဒိုင်ဂျက်စ် ဝီးကလီး အီလဲဗင်း နံနက်ခင်း ကုမုဒြာ မော်ဒန် ယူရိုစပေါ့ ဂျာနယ်တွေ ကောက်ကိုင်ဖတ်လိုက်တော့လည်း အပျင်းကမပြေသေးဘူး ။ ဒါနဲ ့အပျင်းပြေအောင် ဆိုပြီး ၊ အပြင်ထွက်ပြီး ပတ်ဝန်းကျင်ကို လေ့လာကြည့်မိတော့ စုံစီနဖာ ဇါတ်လမ်းတချို ့ကို ကာယကံရှင်တွေနဲ ့အတူ ပြောဆိုရင်း အပျင်းနဲနဲ ပြေသွားခဲ့တယ် ။ ထိတ်လန် ့စရာ အကြောင်းတွေလဲ တွေ ့ရပါတယ် ။ ဂေဇက်ကိုလာနေတဲ့ ကျုပ်လိုမျိုး ပျင်းနေတဲ့လူတွေများရှိခဲ့ရင် အပျင်းပြေလို ့ပြေငြား ၊ ဖတ်စရာ […]


မောင် ပေJuly 9, 20121min64331
“ ဟေ့ မင်းအခုရောက်နေတာ ဘယ်သူ ့အိမ်လဲ ဆိုတာကော မင်းသိရဲ ့လား ” “ ကျုပ်အခုရောက်နေတာ ခင်ဗျား အိမ်လေ ၊ သိတာပေါ့ ” “ အေး.. မင်းသိထားဖို ့က ၊ ငါ့အိမ်ကိုရောက်ရင် ငါမကြိုက်တာ မလုပ်ရဘူး ၊ ငါမကြားချင်တဲ့ စကား မပြောရဘူး ၊ ငါခွင့်မပြုဘဲ မင်းထင်သလို ဘာမှလုပ်ခွင့်မရှိဘူး ၊ အဲဒါမင်းမှတ်ထား ” “ အော်… ကျုပ်က မိတ်ဆွေတစ်ယောက်အိမ်ကို အလည်လာပါတယ် ၊ လက်စသတ်တော့ ထောင် ဖြစ်နေတာကိုး ” “ ဘာကွ ၊ မင်း ဘယ်လို ပြောလိုက်တာလဲ ၊ ပြန်ပြောလိုက်စမ်းပါ ” “ […]


မောင် ပေJune 12, 20121min68833
မင်္ဂလာပါ ရွာသူားတို ့နဲ ့၊ စာဖတ်သူ ချစ်မိတ်ဆွေအပေါင်းတို ့… ထုံးစံအတိုင်း ကျုပ် မောင်ပေ တစ်ယောက် အရေမရ အဖတ်မရ ကွမ်းပို ့စ် တစ်ပုဒ်အဖြစ် အပျင်းပြေ ဖတ်စရာတစ်ပုဒ် ရေးတင်လိုက်ပါပြီ ။ ကျုပ်တို ့ရွာအတွင်း အခုရက်တွင်း ၊ ရခိုင်သတင်းများကြောင့် ၊ ဖတ်ရသူအပေါင်း ဝမ်းနည်း ဒေါသဖြစ် ၊ စိတ်မကောင်းဖြစ်နေကြရမှာပါ ။ ကျုပ်တောင် စာရေးမလို ့လာတိုင်း ၊ ဆိုက်ထဲက ပို ့စ်တွေဖတ် ၊ ပြီးရင် ခံစားချက်တွေဖြစ်ပြီး ၊ စာမရေးဖြစ်ဘဲ ဖတ်ရုံ ကွန်မင့်ရုံနဲ ့ပြန်သွားခဲ့ရတာ တော်တော်ကြာခဲ့ပါဘီ ။ အခုတော့ တစ်ပုဒ်လောက်တော့ ရေးတင်ဦးမယ်ဗျာ ။ ………………… အခုရက်ပိုင်းအတွင်း […]


မောင် ပေJune 3, 20121min78932
စေတနာအမှား… သိပ်ကြောက်စရာကောင်းတယ် ။ မိဘနဲ ့သားသမီးကြား ၊ ညီအစ်ကို မောင်နှမတွေကြား ၊ သူငယ်ချင်း မိတ်ဆွေတွေကြား ၊ လုပ်ဖော်ကိုင်ဘက်တွေကြား ၊ ဆရာတပည့်တွေကြား မှာ လုံးဝ မသိလိုက်မသိဘာသာနဲ ့ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အမှား ။ အဲဒါနဲ ့ပတ်သက်ပြီး ကြုံတွေ ့ခဲ့ဖူးတာလေးတွေကို နဲနဲလေးပြောပြချင်တယ်… ပြောပြီခင်ဗျ ဒီလိုဗျာ… လူဆိုတဲ့အမျိုးဟာ.. တစ်ယောက်နဲ ့တစ်ယောက် သိကြပြီ ခင်ကြပြီ ပတ်သက်ကြပြီ ဆိုရင် စကားတွေပြောကြမှာပေါ့ ။ မျိုးစုံသောအကြောင်းတွေပြောကြတဲ့အထဲမှာ စီးပွားရေး လူမှုရေး သာရေး နာရေး စုံစီနဖာပေါ့.. အဲ့လိုပြောကြရင်းနဲ ့၊ တစ်ယောက်နဲ ့တစ်ယောက် စေတနာတွေပိုပြီး ၊ တစ်ယောက်စီးပွားရေး အကြောင်းကို ဝင်ပြီး ဝေဖန်လေကန်တတ်ကြတယ် […]


မောင် ပေMay 7, 20121min50324
ချစ်မိတ်ဆွေ စာဖတ်သူရေ…. ဖြစ်ပုံက ဒီလိုဗျ။ လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်ကပေါ့… အဲဒီ တစ်ပတ်ကျော်ရဲ ့တစ်နေ ့သ၌ တုန်းကပေါ့ဗျာ…( တစ်နေ ့ကတော့ တစ်နေ ့ဘဲဗျ ၊ သ၌ ဆိုတာကတော့ ဘာကြီးမှန်း ကျုပ်လဲ မသိပါဘူး ) မောင်ပေ ဆိုတဲ့ ကျုပ် ဟာ ဝယ်နေကြ ကွမ်းယာဆိုင်လေးမှာ ကွမ်းယာမှာရင်း ၊ အဲဒီဆိုင်က ဝယ်ထားတဲ့ အဲဒီအပတ်ထွက် ဂျာနယ်တစ်စောင် ကို ဖတ်ဖြစ်ခဲ့တယ်။ ဂျာနယ်ထဲမှာပါတာကတော့ နိုင်ငံရေး ၊ စီးပွားရေး ၊ ကုန်ဈေးနှုန်းတွေ ၊ အပြောင်းအလဲ ဘာညာ အိုဗျာ..စုံစေ့နေတာပေါ့ဗျာ။ အဲ့မှာ ဘွဲ ့ရပြီး အလုပ်မရလို ့ဆိုတဲ့ ဆောင်းပါးလေး တစ်ပုဒ်ကိုလဲ ဖတ်လိုက်ရတယ်ဗျ ။ […]