lu ta loneJune 5, 20101min640
လူ၃ဦးသေဆုံးခဲ့ရသည့် ကွမ်းခြံကုန်း မြို ့နေ ဒရယ်လူးကျေးရွာ ဒပြမှု အား သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ဓားပြတိုက်စဉ်က ပါဝင်ခဲ့သော လက်နက်ခဲယဉ်းများပုံ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ဒရယ်လူးကျေးရွာတွင် လက်ပစ်ဗုံး၊သေနတ်များဖြင့် တိုက်ခိုက်ပြီး ဓားပြမှုကျူးလွန်ခဲ့သူများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုအား ရန်ကုန်မြို့ရှိ ပြည်ထဲရေးဝန်ကြီးဌာနတွင် ဇွန်လ ၄ ရက်နေ့က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစာရှင်းလင်းပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်မှုးချုပ်ခင်ရီနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပမှ သတင်းစာဆရာများ တက်ရောက်ခဲ့ပြီး အဆိုပါသတင်း စာရှင်းလင်းပွဲတွင် ပဲခူးတိုင်း၊ရွှေကျင်မြို့နယ်တွင် ယာဉ်တစ်စီးပေါ်မှ သေနတ်၊ကျည်ကပ်များနှင့်စနိုက်ပါမှန်ပြောင်း ဖမ်းဆီးရမိမှုကိုလည်း ထည့်သွင်းရှင်းလင်းပြောကြားသွားခဲ့ကြောင်း သိရသည်။သတင်းစာရှင်းလင်းပွဲတွင် ဓားပြမှုနှင့်ပတ်သက်၍ ရဲချုပ်က ရှင်းလင်းပြောကြားခဲ့ရာ ”၂၀၁ဝ ပြည့်နှစ်၊ မေလ ၁၆ ရက်နေ့ ည ၉ နာရီ ၃၅ မိနစ်အချိန်တွင် […]