ကျွန်တော်မန်းလေးကို အလုပ်နဲပြန်ရတယ်… အဝေပြေးလမ်းကနေ မန်းလေး မြို.ကို စဝင်တဲ့အချိန်မှာ.. နန်းတော်ကြီးနဲ. အဝိုင်းက ခန်.ခန်.ညားညားကြီး ကြိုနေတယ်ဗျာ… ကျွဲဆယ်ကန်ကားဂိတ် ရောက်တော့ ကားပေါ်က ဆင်းလိုက်ရင်ပဲ ရင်ထဲမှာ အေးခနဲ ခံစားလိုက်ရတယ်.. မန်းလေးဆောင်းအရသာကိုပေါ့ .. အင်းအဲဒီလိုပဲ ကြည်းနူးနေတုန်း ကားအပေါက်ဝမှာ သူထက်ငါ ခရီးသည်လုနေကြတဲ့ ဆိုင်ကယ် ကိုကိုတက်ခ်စီသမား များအသံကို ကြားလိုက်ရတာ… လာကြိုတဲ့သူစောင့်နေရင်း ဖြေလိုက်ရတဲ့သူတွေ အယောက်၂ဝလောက်ရှိမယ်ထင်တယ်.. အောင်မလေးလေး..နောက်တော့ စကားကိုပြန်မပြောတော့ဘူး လူမြင်တာနဲ. ခေါင်းပဲခါနေတော့တယ်. ဟဟဟ… ဒါနဲ.အိမ်ကိုရောက်ပြီးရေမိုးချိုး အဝတ်အစားလဲပြီး တစ်နှစ်လောက် မသောက်ရတဲ့ မန်းလေးက လက်ဘက်ရည်လေးကိုသူငယ်ချင်းတွေနဲ. အငမ်းမရ သွားသောက်တာပေါ့ဘယ်ရမလဲ ဟဲဟဲ… အဲဒါနဲ. မန်းလေးမှာ လမ်းတွေများပြင်ထားလိုက်လိုက် ကျယ်လဲကျယ် ကောင်းလဲကောင်းတယ်ဗျ.. main လမ်းတွေကိုနော်… ပြီးတော့ ပေါများလိုက်တဲ့ဆိုင်ကယ်တွေ အမလေးလေး […]