black chawAugust 19, 20151min26214
Come Wayy ရေ လောကဓံ တရားထက် ပြင်းတဲ့ အရက် ငါ ကိုယ်တိုင် ချက် နေတယ်ကွာ ကြက်သောက်စမ်းလေးနဲ့ မြည်းကြဦးစို့…ရဲ့…။ ပြီးတော့မှ နင်လားဟဲ့ လောကဓံ နင်လားဟဲ့ လောကဓံ နင်လားဟဲ့ လောကဓံ လို့ သုံးကြိမ်တိတိ ရွတ်ပြီး ရေ လုံးဝ မရောပဲ ဇွတ်ကနဲ မော့ချ… မူးပြီဆိုတော့မှ ဖိုးမောင်လာပြီ ကဗျာကို သံနေသံထားနဲ့ (လေးဖြူ ကီးမျိုးနဲ့) ပါဖေါ့မန့် ကောင်းကောင်းနဲ့ (ဖြူဖြူကျော်သိန်း စတိုင်မျိုးနဲ့) ဟိတ်နဲ့ ဟန်နဲ့ (ဦးအောင်သောင်း ယပ်တောင်ခပ်ခံနေပုံမျိုးနဲ့) ရွတ်ထည့် လိုက်စမ်းပါ။ ကဗျာအဆုံးသတ်လေးမှာ နှလုံးသားမြို့တော်ထဲက မို့မို့မြင့်အောင် မျက်ရည်ကျသလို မင့် ဘယ်ဘက်မျက်ဝန်းရဲ့ ဒေါင့် နားလေးဆီကနေ မျက်ရည်ပေါက်ကြီးတစ်ပေါက် ပစ်ကျပစ်လိုက်စမ်းပါ အဲဒါ […]


black chawAugust 11, 20151min19817
အခုတစ်လော ဖေ့စ်ဘုတ် မှာ ကဗျာလေးတွေ ရေးဖြစ်ပါတယ်…။ လက်ရှိသူ ကဗျာဆရာတချို့  ကို အားကျမိနေတာလည်း ပါပါတယ်…။ ကမ်းဝေးတို့ တိုးနှောင်မိုးတို့ ခက်သီ တို့ အစရှိသဖြင့်ပေါ့…။ သူတို့ရေးတဲ့ ကဗျာလေးတွေ ဖတ်ပြီး ကဗျာရေးချင်စိတ်က ပြင်းပြင်းထန်ထန် ဝင်ရောက်လာပါတယ်…။ ဟိုး ခတ်ငယ်ငယ်က တော့ ကဗျာတစ်ချို့ ရေးခဲ့ဖူးပေမယ့် ကိုယ့်ကိုယ်ကို ပါရမီမပါဘူး ထင်လို့ ကဗျာရေးခြင်း ကို စွန့်လွှတ်ထားခဲ့တာပါ…။ ကမ်းဝေး က အားပေးပါတယ်…။ ရေးတတ်သလို သာ ရေးချလိုက်… တဖြေးဖြေး နဲ့ ကဗျာရေးရတာ ပျော်လာလိမ့်မယ် တဲ့…။ အခု ကျွန်တော် ကြိုးစားရေးကြည့်ထားတဲ့ ကဗျာလေး သုံးပုဒ်ကို စုစည်း တင်ပြလိုက်ရပါတယ် တမုံ့တကားတည်း…။ ချစ်ခင်လေးစားတဲ့ ဘလက်ချော…။   အလွမ်း…။ ————————————- အလျားလိုက် စီးဆင်းနေတဲ့ မြစ်ကြီးတစ်ခုမှာ အလျားလိုက် ကူးခတ် […]