Uncle MyoJuly 24, 20121min937
စီးပွားဖြစ်ဓါတ်ပုံစရိုက်ပြီ ကျွန်တော်တို့ရွာ (အဖေတို့ရွာ)ဟာ မြို့နဲ့(၈)မိုင်လောက်ဝေးတယ်လို့ပြောခဲ့တယ်နော်။ ဖေဖေဓါတ်ပုံ ပညာကို (၇)ရက်လောက် သင်ပြီး ပုံဖော်ဆေးတွေဘာတွေ စပ်တတ်ပြီးတဲ့နောက် ၆လက်မ ကင်မရာအိုးလေးတစ်လုံး ဝယ်ပါတယ်။ အရင်းအနှီးမရှိလို့ ချေးငှားပေါင်နှံဝယ်ရတယ်လို့ ပြောပါတယ်။ နောက်တော့ ကိုကြီး ဟံတင် တို့က(ကျွန်တော့်ဘကြီး ဝမ်းကွဲ) မင်းတို့ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ… ပြန်ရွေးပြီး လက်ဝတ်လက်စားတွေဝတ်ထား ဆိုပြီး ငွေထုတ်ပေးလို့ပစ္စည်းတွေ(မေမေ့လက်ဝတ်လက်စား တွေပေါ့ဗျာ) ပြန်ယူထားပြီး ဝတ်ဆင်နေခဲ့ရတယ်တဲ့။ သူတို့က ညီအစ်ကိုဝမ်းကွဲတွေပေမယ့် ချစ်ကြတယ်… ကူညီကြတယ်။ ကျွန်တော့်ကိုလည်း ဘကြီးကချစ်ပါတယ်။ ကျွန်တော်ကလည်း ဘကြီးကို ချစ်ပါတယ်။ ဖေဖေက မေမေ့ ကို ခိုးသွားတုန်းကလည်း သူ့ညီအစ်ကို ဝမ်းကွဲတွေရှိတဲ့ရွာကိုပဲ ခိုးသွားတာတဲ့။ ထားပါတော့… ကင်မရာဆိုတာက သစ်သားနဲ့လုပ်ထားပါတယ် ။ ရှေ့မှာ မှန်ဘီလူးတပ်ဖို့လုပ်ထားပြီး နောက်မှာ ဖလင်ထည့်တဲ့ (ဆလိုက်လို့ခေါ်ပါတယ်) […]


Uncle MyoJuly 19, 20121min17314
ဒီလူကြီးရွာထဲရောက်လာပီး ပျောက်ချက်သားကောင်းနေလိုက်တာ ဘာတွေများကြိတ်ကြံနေတာလဲလို့တွေးမိကြမလားမသိဘူး မေ့တောင်မေ့နေဘီထင်ပါရဲ့ ဘယ်မှမသွား ဘာမှမလုပ်နိုင်လို့အိမ်ထဲမှာဘဲအညောင်းမိနေရပါတယ်။ ကျောင်းသားဘဝတုံးကလဲ ပထမနှစ်မှာ တရုပ်ဗမာအရေးအခင်း၊ ဒုတိယနှစ်မှာကျောင်းသားတစ်ယောက်က်ို စစ်တပ်ကကားနဲ့ကျောင်းရှေ့အဝင်ဝမှာဘဲ တိုးမိပီးဆုံးပါးသွားလို့ဆူပူခဲ့တဲ့(ပုသိမ်)အရေးအခင်း၊ တတိယနှစ်မှာသီရိဆောင်အရေးအခင်း၊ စတုတ္ထနှစ်မှာကျွန်းဆွယ်အရေးအခင်းတွေကြုံခဲ့ရပီး ကျောင်းသားဘဝလွန်မြောက်လာပီးတဲ့နောက်သားငယ်သမီးငယ်တွေ ဘုစုခရု လူဖြစ်စမှာ (၈၈)အရေးအခင်းကိုထပ်ကြုံရတော့ ခေတ်ပျက်တယ်၊လူတွေသေကြကြေကြတယ် ကျီးလန့်အစာစားနေကြရတယ်၊ တနေရာကတနေရာကိုသွားရေးလာရေးခက်ခဲခဲ့တယ် စီးပွါးရှာစားဘို့ခက်ခဲခဲ့တယ်၊ ခုအသက်အရွယ်မှာ မြေးငယ်ကလေးနဲ့ဖြစ်နေပြန်ပြီိဆိုတော့  ရခိုင်အရေးအခင်းလဲပေါ်လာရော ခေတ်များပျက်ခဲ့ရင်  ဆိုတဲ့ အတွေးနဲ့ မအေးနိုင်ခဲ့တာလဲပါတာပေါ့လေ- ဒို့ကိုတောမှာမွေးပါတယ်၊ လွတ်လပ်ရေးမရခင်ကပေါ့၊ပထမဆုံးဝမ်းလျှားမှောက်တဲ့နေ့ ဖေဖေနဲ့မေမေ ဝမ်းသာပျော်ရွှင်နေကြတဲ့အချိန်မှာ ရေဒီယိုကသတင်းမှာ ဗိုလ်ချုပ်တို့ကျဆုံးတယ်ဆိုတဲ့သတင်းကြားကြရလို့ စိတ်သောကရောက်ကြရတယ်လို့ဖေဖေနဲ့မေမေပြန်ပြောပြဘူးတယ်၊ အဲဒီနောက်  ဖေဖေမြို့ကိုလာပီး( ၈ မိုင်လောက်ဝေးပါတယ်)ဓါတ်ပုံပညာသင်ပါတယ်။အရင်ကပြောခဲ့ဘူးတယ်နော် တစ်ပတ်လောက် ဖေဖေ့ဆရာက ဦးမောင်သစ် ပါတဲ့။မောင်သစ်ဓါတ်ပုံဆ်ိုင် ဆိုပီးဓါတ်ပုံဆိုင်ဖွင့်ထားတယ်။ သူ့ကို ဆရာသစ် လို့ခေါ်ပါတယ်။ မီးရထားလမ်းက လှည်းလမ်းဂုံးကျော်ကိုဖြတ်အကူးမှာလိမ့်ကျပေါင်ရင်းကကျိုးသွားလို့ ဒုတ်ကောက်အားကိုးပြီးလမ်းလျှောက် သွားနေပုံကို မြင်ယောင်နေမိပါသေးတယ် ဖေဖေနဲ့မေမေ ပြန်ပြောပြခဲ့ကြတဲ့အထဲမှာ […]


Uncle MyoMay 29, 20121min35039
အဖေဆိုတာထက် ဖေဖေ ကို ခေါ်ရတာပိုပြီးကောင်းပါတယ်။ ဖေဖေ လို့ပဲ တစ်သက်လုံးခေါ်ခဲ့ပါတယ်။ ခုတော့ ခေါ်စရာ မရှိတော့ပါ။ လုံးဝ (လုံးဝ) ကို ဆုံးရှုံးသွားပါပြီ။ လယ်သမားမျိုးရိုး၊ သူကြီးမျိုးရိုးပါ။ ဒါပေမယ့် ဓါတ်ပုံနဲ့ အသက်မွေးခဲ့ပါတယ်။ တော်လှန်ရေးမှာ ပါဝင်ဆင်နွွှဲခဲ့လို့ လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယဆင့်) ရခဲ့ပါတယ်။ ရှုမဝမဂ္ဂဇင်းမှာရေးခဲ့တဲ့ ဆောင်းပါး (ငှက်ပျောခြောက်) တစ်ပုဒ်ကို မြန်မာ့အသံမှ ဖတ်ကြား အသံလွှင့်သွားခဲ့ဖူးပါတယ်။ မှတ်မှတ်ရရပြောရရင် 1958 ခုနှစ်ရွေးကောက်ပွဲ မတိုင်မီက အသဲကြားက မဲတစ်ပြားဆိုတဲ့ ဆောင်းပါးတစ်ပုဒ် သတင်းစာမှာရေးဖူးတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကပေါ့ဗျာ။ အဟိ ဆိုတဲ့ ဟာသစာစောင်မှာလည်း ဟာသဝတ္ထုတွေ ရေးပါတယ်။ သော်တာဆွေတို့ သန်းဆွေတို့ နဲ့လည်း ရန်ကုန်ရောက်ရင် ပုလင်းတူ ဗူးဆို့ ပါပဲ။ ခေတ်သစ်စာ […]