Kaung Kin PyarMay 29, 20141min25831
ကောင်းကင်ပြာ ရွာထဲရောက်တာ သုံးနှစ်လောက်ရှိပေမယ့်…ပို့စ်တွေ သိပ်မတင်ဖြစ်ဘူး…။ အလုပ်များတယ်၊ ကွန်နက်ရှင်မကောင်း ဆင်ခြေအမျိုးမျိုးနောက်မှာ ပုန်းအောင်းနေခဲ့မိတယ်..။ အမှန်တော့ စာရေးသိပ်မကောင်းတာ ကိုယ့်အကြောင်းကိုယ် သိလို့ပါ….။ ခုနောက်ပိုင်းတော့ မနက်နိုးတာနဲ့ ရွာဝင်လည်ဖြစ်နေတယ်..။ ဘယ်သူဘာတွေ တင်လဲ..၊ ဘယ်သူ ဘယ်လိုလေးများ မန့်ထားလဲပေါ့လေ….။ တခါတလေကျ မနေနိုင်တော့လဲ မန့်ပေါ့..။ တချို့ ပိုစ့်လေးတွေကျ ဒီတိုင်းလေး ကြည့်ပြီး ပြန်ထွက်သွားဖြစ်တယ်..။ ကိုယ်မန့်လိုက်မှ အရသာပျက်သွားမှာ စိုးလို့ပါ..။ အိမ်မှာ ဖုန်းနဲ့သုံးတာဆိုတော့ စာရေးရသိပ်အဆင်မပြေ၊ ရုံးမှာတော့လဲ ရောက်တာနဲ့ရွာထဲဝင်တယ်..။ ဒါပေသိ ကိုးနတ်ရှင်က မချေငံပါဘူး…။ အင်းပေါ့လေ…ဒီလိုင်းလေးရှိတာ…အားလုံးဝိုင်းဆွဲကြတာကိုး…။ ကွန်ပလိန်းနိုင်တဲ့ လူကြီးတွေကို အိုင်တီကသီးသန့်လုပ်ပေးထားလေတော့ သူတို့ ဒီဘက်ကို လျစ်လျူရှုနိုင်ကြတာပေါ့လေ…။ အိုင်တီ တော်ချက်.. ရွာသူားတွေ တစ်နေ့ထဲ ၂ ပုဒ်လောက်တင်တာ မြင်တော့ ကောင်းကင်ပြာလဲ အားကျတယ်..။ […]