Uncle MyoMay 31, 20121min19212
အရင်တစ်ပတ်က ကျွန်တော့အဖေ ပိုစ့်ရဲ့ အဆက် ဆက်ရေးလိုက်ပါပြီ …။ ကျွန်တော့အဖေ နဲ့ အမေ ရခဲ့တဲ့ လွပ်လပ်ရေးမော်ကွန်းဝင် တံဆိပ် ကို နောင်လာနောက်သားတွေ မြင်ဖူးအောင် တင်ပေးလိုက်ပါတယ် …။လက်ဝဲဘက်က ဒုတိယဆင့် ..ဖေဖေရခဲ့တဲ့ တံဆိပ် .။ လက်ယာဘက်က တတိယဆင့် မေမေ ရခဲ့တဲ့ တံဆိပ်ပါ ..။ တံဆိပ်နှစ်ခု ရှေ့ဘက်ကကြည့်ရင် ရွှေရောင် နဲနဲ ကွာခြားပါတယ်..။နောက်ဘက်မှာတော့ ဒုတိယဆင့် ၊ တတိယဆင့် လို့ စာပါပါတယ်.။ အတုလွတ်  အတုမရှိ တဲ့တံဆိပ်လို့ ဖေဖေ ပြောခဲ့ဖူးတယ်.။သူတို့ကို မော်ကွန်းဝင်တံဆိပ် ချီးမြင့်ပွဲတုန်းက အမွှန်းတင် ပြောကြားလေသလား ကျွန်တော်မသိပါ။ စဉ်းစားကြည့်မိတော့ လွပ်လပ်ရေးမော်ကွန်းဝင်ဆုတံဆိပ်ဆိုတာ နောက်တစ်ခါ ဘယ်သူမှ မရနှိုင်တော့တဲ့ ဆုတံဆိပ် ပေကိုး ..။ […]