ကျွန်တော်က ဆရာချစ်ဦးညို ရဲ့ စကားလေးကိုကြိုက်လို့ ယူသုံးထားတာပါ၊ ကျွန်တော် ကလဲ ကျွန်တော် ခံစားမိသလို ပြောချင်လို့ပါ၊ ဒီလိုပါဗျာ – ကျွန်တော်တို့ မြန်မာလူမျိုးတွေက ခက်တယ်ဗျ အဲဒါကို ဆရာကြီး တွေကလဲ ပြောပြထားတာတွေ အများကြီးရှိပါတယ် ၊ မြန်မာလူမျိုးတွေက ဘာမှန်းမသိရင် ဓါတ် လို့ပြောလေ့ရှိကြပါတယ်၊ ဗူးတော့ဗူးပါပဲ ဒါပေမယ့် အထဲကို ရေနွေးထည့်ထားရင် တော်တော် နဲ့ မအေးတော့တာကြောင့် ဓါတ်ဗူး တဲ့၊ အထဲက ဟာကျတော့ ဓါတ်သား တဲ့၊ ထူးထူးဆန်းဆန်း နဲ့ အလင်းရောင်တွေထွက်နေတော့ ဓါတ်မီး တဲ့၊ ဓါတ်မီး ထဲကို ထည့်တာကျတော့ ဓါတ်ခဲ တဲ့၊ အမျိုးမျိုးပါပဲ ၊ ဓါတ် တို့ နတ် တို့ လေ၊ […]