Khaing KhaingFebruary 14, 20121min16711
ကျွန်မ ကသင်္ဘောသားတွေကို သင်္ဘောတင်ပေးတဲ့ ကုမ်ပဏီတစ်ခုမှာ အလုပ်လုပ်ပါတယ်.. အဲမှာအလုပ်လုပ်တယ်ဆိုလို့ ထောနေတဲ့တော့မထင်နဲ့ ကျွန်မတို့လိုင်းကသူများလိုင်းတွေလိုပိုက်ဆံမယူဘူး…(သင်္ဘောသားတွေလာလျှောက်လို့ရတယ်နော်) ကြော်ငြာဝင်တာနဲ့ စကားစလေးပြတ်သွားတယ်..ပြောချင်တာလေးဆက်ပြောလိုက်ဦးမယ်  လုပ်တာကြာတာနဲ့အမျှသင်္ဘောသားတွေရဲ့ ဘဝကိုနားလည်လာတယ်..သူတို့ဘဝလေးတွေကသနားဖို့ကောင်းတယ် ..ရေထဲသက်စွန့်ဆံဖျားပိုက်ဆံရှာရ..မိသားစုကအဲအချိန်မှာသူရှာတာလေးတွေနဲ့ အိမ်စရိတ်တွေ သားသမီးတွေအတွက်သုံးတာတွေနဲ့ကုန်ရော..သင်္ဘောသား ကုန်းပေါ်ရောက်ရင် မိသားစုသုံးစရာ ဝင်ငွေမရှိတော့ ပြန်ရောက်တာနဲ့ သင်္ဘောအမြန်တက်ရပြန်ရော.. တစ်ချို့မိသားစုတွေရှိတယ်..ကိုယ့်လင်သားဘယ်လောက်ဒုက္ခခံရတယ်ဆိုတာနားမလည်ဘူး ..ချဲထိုး..အိမ်တွေရောင်း..ယောက်ျားကပြန်လာတော့ နားမယ်ကြံခါရှိသေး နေစရာအိမ်တောင်မရှိတော့ ပင်လယ်ထဲပြန်ဆင်းရပြန်ရော..အဲဒီမိန်းမတွေမေးကြည့်ပါလား..ယောက်ျားငွေကိုအလကားထားမယ့်အတူတူ ပွားအောင်လုပ်တာလို့ပြောလိမ့်မယ်..တစ်ချို့တွေဆို ငယ်တုန်းလုပ်နိုင်တော့မစုမဆောင်းနဲ့ ကြီးလာတော့မှ သင်္ဘောပြန်လိုက်ချင်ပါတယ်ဆိုပြီး..မျက်နှာငယ်လေးနဲ့ ကုမ်ပဏီကိုလာပြောတယ်.. တစ်ချို့သားသမီးတွေလည်းအတူတူပဲ မိဘကဟိုမှာဘယ်လို့ရှာဖွေနေရတယ်နားမလည်ဘူး ဒီမှာက ပျော်ပါးသုံးဖြုန်းတယ်…ပြသနာမျိုးစုံရှာတယ် အဲဒါအဖေခမျာ နှစ်မပြည့်ပဲသားသမီး အရေးနဲ့သင်္ဘောကဆင်းရပြန်ရော..မြန်မာပြည်ရောက်တော့ သားသမီးကိုဆုံးမဖို့ အိမ်မှာနေရတော့ ပိုက်ဆံမရှာနိုင်ဘူးလေ အဲအချိန်မှာ အကြွေးတွေတင် အကြွေးတင်တော့သင်္ဘောလိုက် ရသမျှပိုက်ဆံကို အကြွေးပြန်ဆပ် ဒီလိုနဲ့အသက်တွေကကြီးသွားတော့တယ်…ကျွန်မတို့ကုမ်ပဏီမှာ  အထူးသဖြင့် သနားစရာကောင်းတာ အရာရှိမဟုတ်တဲ့ ရိုးရိုးသင်္ဘောသားလေးတွေပါ..သူတို့ခမျာအကြောင်းကြောင်းကြောင့် အရာရှိဘဝကို မရခဲ့ကြဘူး…အဲလိုလူတွေက သင်္ဘောတက်ရဖို့ ကုမ်ပဏီကို အောက်ကျို့ရတယ်..ပေးရကမ်းရတယ်..ကျွန်မတို့ကအဲဒါတွေကို […]