ရွှေအိမ်စည်September 5, 20111min20928
ဝါဝင်ခါနီးနဲ့ ဝါထွက်တဲ့ အခါတွေမှာ ဆိုရင် ကျွန်ုပ်က အမြဲတမ်း ပျော်တတ်စမြဲ။ အကြောင်းကတော့ ကျွန်ုပ် မိခင်ကြီးက အိမ်မှာ ကိုးကွယ်ထားတဲ့ နတ်တွေကို ပူဇော်ပသရင်း နတ်တင်ပွဲလေး ပြုလုပ် တတ်သောကြောင့်ပင်။ နတ်တင်တဲ့ အချိန်ဆိုလျှင် ကျွန်ုပ်က မုန့်ဆီကြော်တို့၊ ငှက်ပျောသီးတို့ကို အလျှံအပယ် စားရတယ်။ အဲဒါအပြင် ဘဲဥတောင် အဆစ်ပါသေး။ သူများအိမ်တွေလိုတော့ ဗုံတွေ၊ ဆိုင်းတွေနဲ့ တီးလုံးသံတွေ ဆူညံနေပြီး အိမ်ထဲမှာ ကခုန်နေတဲ့ နတ်ကပွဲမျိုးတော့ မဟုတ်။ မိခင်ကြီး နတ်တင်တော့မယ် ဆိုရင် ကျွန်ုပ် ဝိုင်းဝန်း လုပ်ကိုင်ပေးရတာ မမောနိုင်ဘူး။ ဘယ် မောနိုင်ပါ့မလဲ။ နတ်တင်ပြီး ရင် စားရတော့မယ် ဆိုတာ ကျွန်ုပ်က သိနေတာကိုး။ ငယ်ငယ်တုန်းကတော့ ပျော်နေတာပဲ။ နတ်တင်ထားတဲ့ ဘဲဥ […]