snow whiteJuly 13, 20121min20015
စနိုးဘဝတစ်သက်မှာ လူပေါင်းများစွာ သူငယ်ချင်းများစွာနဲ့ကြုံတွေ့ခဲ့ဖူးပြီးပါပြီ      သူငယ်ချင်းကောင်းမိတ်ဆွေ ကောင်းများစွာနဲ့လည်း တွေ့ကြုံဖူးပါတယ်  တခါတလေ  စဉ်းစားမိတာ က လူစိတ်ဆိုတာ ပေါင်းသင်းရခက်လှပါလားပေါ့။ ကိုယ့်စိတ်တောင်တစ်ခါတစ်လေ မမှန်တာ သူများစိတ်ကိုလည်း ကိုယ်ဘယ်လိုသိလိမ့်မလဲပေါ့ နော်  စနိုးငါးတန်း ကနေ ဆယ်တန်းထိ ခင်ခဲ့ရတဲ့သူငယ်ချင်း ၂ယောက် ရှိခဲ့တယ်   စနိုးက ဆုသာမရပေမယ့် ကျောင်းမှာ  ၁to၁ဝ ကတော့ဝင်တယ်   စာမေးပွဲ ဖြေပြီးတိုင်း သူငယ်ချင်း၃ယောက် စိတ်ညစ် စရာကအမြဲလိုလို ကြုံရပါတယ်။ ဘာကြောင့်လည်းဆိုတော့ စနိုးကအဆင့်   ၄       ၅ ရတဲ့အပတ်မှာသူတို့ အဆင့်က  ၂၂   ၂၃  အဲ့လောက်ကွာတော့ သူတို့ကမနာလိုဖြစ်ကျတယ် စာမေးပွဲဖြေပြီးတိုင်းreportcards  ထွက်တိုင်းစိတ်ညစ်ရတယ်  သူတို့နှစ်ယောက်က စနိုးကိုမခေါ်ကျတော့ဘူး။။ စနိုးစကတော့စိတ်ညစ်ရတယ် သူတို့မခေါ်ရင်   တစ်ယောက်ထဲနေနေရတယ် ခင်တာဆိုတော့လည်းသူတို့နှစ်ယောက်ဘဲရှိတာဆိုတော့လေ သူတို့မှမခေါ်ရင် ကိုယ့်ကသူများနဲ့လည်းမခင်ဘူးလေ တစ်ယောက်ကိုခင်ရင်အဲတစ်ယောက်နဲ့ဘဲ ခင်တက်တာဆိုတော့   […]