khinmintatthuJune 19, 20101min440
တောင်အာဖရိကမှာကျင်းပနေဆဲ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အခြေအနေအဆိုးဆုံးလို့ ဆိုရမယ့် အင်္ဂလန်အသင်းဟာ အုပ်စု (စီ)မှာကျရောက်လို့နေပါတယ်…. အုပ်စုတွင်းမှာ အင်္ဂလန်နဲ့အတူ အမေရိကန်၊ အယ်လ်ဂျီးရီးယား၊ ဆလိုဗေးနီးယားအသင်းတို့ တစ်အုပ်စုတည်းကျရောက်နေပေမယ့် အင်္ဂလန်အသင်းကတော့ အသင်းကြီးလို့ မဆိုနိုင်လောက်အောက် ခြေစွမ်းပိုင်းရော စိတ်ဓာတ်ရေးရာပါ ကျဆင်းနေတဲ့အသင်းလို့ ဆိုရမယ်ထင်ပါတယ်…  အရင်ကတည်းက အသင်းခေါင်းဆောင်နေရာကို တယ်ရီကိုပေးလာခဲ့ပေမယ့် ကာပယ်လို လက်ထက်မှာတော့ အင်္ဂလန် အသင်းခေါင်းဆောင်နေရာ ကို စတီဗင်ဂျရတ်ကိုပေးခဲ့ရာမှာတော့ အင်္ဂလန်အသင်းဟာ ဖရိုဖရဲနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းတွေထဲမှာတော့ အဆိုးဆုံးလို့ ပြောရမလိုပင်ဖြစ်နေပါတော့တယ်။ အင်္ဂလန်အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်ကတည်းက အမေရိကန်အသင်းကို သရေပွဲအဖြစ် ကစားနိုင်ခဲ့တဲ့ ခြေစွမ်းဟာ အတော်လေးကို ညံ့ဖျင်းပါတယ်… အဲဒီပွဲမှာ အမေရိကန်အသင်းရဲ့ ကစားပုံကလည်း အင်္ဂလန်အသင်းထက်တောင် အရမ်းကို ကောင်းခဲ့ပါတယ်။ အဲဒီသရေပွဲရလဒ် ကြောင့် အင်္ဂလန်အသင်းဟာ မျှော်မှန်းထားတာထက်တောင် အရမ်းကိုနိမ့်ကျခဲ့ပါတယ်။ ရေပန်းစားမှုအရှိဆုံး ကစားသမားအင်အားအတောင့်တင်းဆုံး […]