ၾကယ္ေလးJanuary 23, 20114min27812
မူရင်း  : နေ့သစ် http://www.naytthit.net/?p=6876 စကားချီး ကမာ္ဘ့အရေးမှာရော၊ မြန်မာ့အရေးမှာပါ ကိုးရီးယားဆိုတဲ့ စကားလုံးကို လူပြောများကြပါတယ်။ ၂၀၁ဝ ကမာ္ဘ့ဖလားဘော လုံးပွဲကို ပထမဆုံးဝင်ပြီး ယှဉ်ပြိုင်လာတဲ့ မြောက်ကိုးရီးယားအသင်းရဲ့ ပုံရိပ်တွေကလဲ ကမ္ဘာတဝှမ်းက ဘောလုံးဝါသနာ အိုး ပရိသတ်များစွာကို ဆွဲဆောင်ထားနိုင်ခဲ့သလို မြန်မာ့ဒီမိုကရေစီ လောကသားတွေအတွင်းမှာလဲ မြန်မာနဲ့ မြောက်ကိုး ရီးယား နယူးကလီးယား ဆက်နွယ်မှုအရေး၊ မြောက်ကိုးရီးယားနဲ့ တောင်ကိုးရီးယားတို့အကြားက စစ်ရေးတင်းမာမှု စတာ တွေနဲ့ ပတ်သက်ပြီး အတော်ပဲ အုပ်အော်သောင်းတင်း ဖြစ်ခဲ့ကြပါတယ်။  တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယားကပဲ စစ် ဖြစ်တဲ့အခါ တောင်ကိုးရီးယားဘက်ကို အမေရိကန်က ဝင်တိုက်ပြီးရင်  နယူးကလီးယား အရေးနဲ့ပတ်သက်နေတဲ့ မြန်မာ နိုင်ငံကိုလဲ အမေရိကန်က စစ်ရေးအရ အရေးယူတော့ မယောင်ယောင်၊ အီရတ်လို ဝင်တိုက်တော့မယောင်ယောင်နဲ့ […]