manawphyulayJanuary 8, 20111min1017
လူ့ဘဝသက်တမ်းဆိုတာ သံသရာသက်တမ်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အရမ်းကို တိုတောင်းတဲ့ဘဝပါ။ ဒီလိုတိုတောင်းတဲ့ လူ့ဘဝမှာ ကျွန်မတို့တစ်တွေဟာ ရေစက်ရှိလို့ ကံဆုံကြတာလို့ သတ်မှတ်လို့ရပါတယ်။ ဒီလိုဘဝရတဲ့အချိန်ခဏလေးမှာ လူတိုင်း စိတ်နှလုံးချမ်းမြေ့ကပျော်ရွှင်စွာ နေထိုင်သွားကြမယ်ဆိုရင် အလွန်တန်ဖိုးရှိတဲ့လူ့ဘဝမှာ အဓိပ္ပာယ်တွေနဲ့ ပြည့်စုံနေမယ်လို့ ကျွန်မ ယူဆမိပါတယ်။ လူတိုင်းပေါ့လေ ကျွန်မ စဉ်းစားကြည့်မိတာပါ။ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ဖြတ်သန်းကြမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲနော်။ ပညာရှင်တစ်ဦးပြောတဲ့ စကားကိုလည်း ကျွန်မ လေးလေးနက်နက်ျခံစားကြိုက်နှစ်သက်မိပါတယ်။ ဘဝဟာ သိပ်တိုတောင်းလွန်းလို့ သေးသိမ်ဖို့ အချိန်မရှိပါဘူးတဲ့။ ဘယ်လောက်ကောင်းတဲ့ စကားလေးလဲ။ နောက်ပြီး ကျွန်မရဲ့ ဆရာက ပြောဖူးတယ်။ လူတိုင်းအပေါ် မေတ္တာထားပါတဲ့။ မိုးလင်းလို့ အိပ်ရာက နိုးတာနဲ့ စိတ်ကို ကြည်လင်အောင် ထားရမယ်တဲ့။ အမှန်တော့ လူတွေဟာ လောကရဲ့ ဧည့်သည်တွေဖြစ်ပါတယ်။ လောကရဲ့ဧည့်သည်အဖြစ် အချင်းချင်း […]