ခင္ခDecember 13, 20121min15420
အဲဒီတုန်းက ကြုံဆုံခဲ့ရာ ကြည့်မြင်တိုင်ဘူတာ။   ပီ—ပေါ်——ပီ——-။ ပီ———————ပေါ်—————–ပေါ်——-ပီ။ အင်းစိန်ဖက်သွားမယ့် မြို့ပတ်ရထား ဥဩရှည်ဆွဲပြီး ကြည့်မြင်တိုင်ဘူတာထဲဝင်လာလို့ လိုက်မယ့်ခရီးသည် များ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြပြီး ထိုင်နေသူများထကြသလို အိတ်တွေ ပစ္စည်းတွေကိုလည်း လက်ကဆွဲ ပုခုံး က ထမ်းနဲ့ တက်လိုက်မည့် အဆင့်သင့်ဖြစ်ကြကုန်ပြီ။ အခုမှ ဘူတာနားရောက်လာသည့် ခရီးသည်ကလည်း ရထားစီးခွင့်လက်မှတ် အလောတကြီးဝယ်ကာ တက်ရောက်စီးမည့်ရထားစီသို့ပြေးသူကပြေးပေါ့။ ပေါ်—————- ပီ—။ ခဏတာရပ်ပြီး ရထားပေါ် ဆင်းသည့်ခရီးသည်က ဆင်း၊ လိုက်မည့်ခရီးသည်က တက် ကာ၊ ရထားဥဩ တစ်ချက်ဆွဲလို့ အင်စိန်းဖက်ဦးတည်ပြီး မြို့ဘက်ရထားကြီးထွက်သွားလေပြီ။ ဒီနေ့ အလုပ်အားနေတာနဲ့ ရန်ကုန်မြို့လယ် ဟိုဟိုဒီဒီ သွားလာကြည့်ဘို့ မြို့ပတ်ရထားစီးပြီးသွားမယ်ဆိုကာ ကြည့်မြင်တိုင်ဘူတာကို ခင်ခ တစ်ယောက်ရောက်ခဲ့တာပေါ့၊ ရထားအချိန်ဇယားကိုကြည့်တော့ မနက် ရုံးသွား ချိန်နဲ့ ညနေရုံးဆင်းချိန် […]