mgwaloneAugust 18, 20133min871
Normal 0 false false false EN-US X-NONE X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-fareast-font-family:”Times New Roman”; mso-fareast-theme-font:minor-fareast; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;} ခရီးသွားလုပ်ငန်း ဆိုတာ ဘာလဲ???             “ခရီးသွားလုပ်ငန်းဆိုတာ ဘာလဲ” ဆိုတဲ့ ဒီမေးခွန်းကို ဖြေဖို့က လွယ်တယ်လို့ […]


Ko chogyiApril 22, 20132min1488
ဘားအံမြို့ကပြန်အထွက် သံလွင်တံတားကိုဖြတ်ပြီးပြီးချင်း ဘယ်ဖက်ကိုခွဲထွက်တဲ့ လမ်းကလေးကို တွေ့ရပါမယ်။ ဖားကပ်ရွာသို့ဆိုတဲ့ လမ်းညွှန်လေးအတိုင်းဝင်ခဲ့ရင် ကွန်ပြူတာကောလိပ်(ဘားအံ) အကျော်မှာ ရသေ့ပျံဂူသို့ ဆိုတာတွေ့ရပါလိမ့်မယ်။ အဲဒီလမ်းကလေးအတိုင်း မိနစ် ၂ဝ လောက်မောင်းသွားရင် ရသေ့ပျံဂူကို ရောက်ပါတယ်။   တောင်ခြေမှာ မဏ္ဍပ်ထိုးပြီး သင်္ကြန်ထမင်းကျွေးနေကြပါတယ်။ ဒီတစ်ခါတော့ မဆာလို့ မစားခဲ့တော့ပါဘူး။ ရသေ့ပျံတောင်ပေါ်ဂူထဲမှာ အေးအေးဆေးဆေးခဏနားပြီး ဓာတ်ပုံတွေလည်းရိုက်ခဲ့ပါတယ်။ ရသေ့ပျံ လှိုဏ်ဂူက ကျယ်ပြီး မီးတွေလည်းထွန်းထားလို့ တောင်ရဲ့ ဟိုဖက်တစ်ခြမ်းအထိ ဂူထဲကနေ သွားနိုင် ပါတယ်။( ဆြာအုပ်ရဲ့ပို့စ် https://myanmargazette.net/166480/travel ) ရသေ့ပျံဘုရားမှာပဲ ကင်မရာလည်း အားကုန်သွားပါတော့တယ်။                ရသေ့ပျံကနေ ပြန်ထွက်လာတော့ ကော့ကွန်းဂူကို သွားခဲ့ပါတယ်။ ကော့ဂွန်းဂူမှာတော့ ဖုန်းနဲ့ပဲဓာတ်ပုံ ရိုက်ခဲ့ပါတယ်။ နံရံကျောက်စာ၊ အုတ်ခွက်ဘုရားများနဲ့ သဲကျောက်ရုပ်ကြွများဟာ အေဒီ(၇)ရာစုက ရှေ့ဟောင်း […]


Ko chogyiApril 20, 20134min1715
ကော့ကသောင်ဂူကနေ ပြန်ထွက်တော့ တောင်ကြားလမ်းကနေဖြတ်ပြီး ကျောက်ကလပ်ကိုသွားခဲ့ပါ တယ်။  ကျောက်ကလပ်မရောက်ခင် ကရင်နန်းတော် နဲ့ ရေတံခွန်ကိုတွေ့လို့ ခဏဝင်ခဲ့ပါသေးတယ်။ လမ်းမှာ ဗောဓိတစ်ထောင် အဗ္ဘ န္တရဥယာဉ်တွေ့လို ဓာတ်ပုံဆင်းရိုက်ခဲ့ပါတယ်။ ဝင်တော့မဝင် ဖြစ်လိုက်ဘူး။   ကျောက် ကလပ်ကိုရောက်ပြီး ဘုရားဖူးပြီးပြန်အဆင်းမှာ ရေစပ်မှာ ဖယောင်းတိုင်အမွှေးတိုင်လေး တွေထွန်းပြီး ဆုမွန်ကောင်းတောင်းနေကြတာ၊ ငါးသက်စေ့လွှတ်နေကြ တာတွေကို တွေ့ခဲ့ရပါတယ်။ ( ဆြာအုပ် ရဲ့ပို့စ် https://myanmargazette.net/163565/travel )    ဆောက်လက်စဘုရားကျောင်းဆောင်ကြီးအောက် ထပ်မှာ စတုဒီသာ သတ်သတ်လွတ်ထမင်းကြွေးနေလို့ ဝင်ကြိတ် လိုက်သေးတယ်။ အသီးအနှံနဲ့ဆန်တွေကို စုပေါင်း လှူဒါန်းထားပြီး စေတနာရှင်တွေကလည်း ချက်ကြ၊ အသီး အရွက်လှီးကြ ထမင်းဟင်းတွေခူးခပ် ကျွေးကြ၊ သိမ်းဆည်းဆေးကြောကြနဲ့ ပျော်စရာအလွန်ကောင်းပါတယ်။ ကရင်နန်းတော်နဲ့ ရေတံခွန် ဗောဓိတစ်ထောင် အဝေးကဇွဲကပင် […]


Ko chogyiApril 20, 20134min1073
ညနေ ၆ နာရီမထိုးခင်မှာ ဘားအံတစ်ဖက်ကမ်း မြိုင်ကလေးကို ရောက်လာခဲ့ပါတယ်။ မြိုင်ကလေး ရောက်လို့ ဘိလပ်မြေစက်ရုံကြီးကို မြင်တဲ့အခါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ ကျော်ကို ကျွန်တော်ရဲ့စိတ်တွေပြန် ရောက်သွားပြီး ငယ်စဉ်က ဒီနေရာမှာ နေထိုင်ခဲ့ရတာတွေကို ပြန်လည်လွမ်းဆွတ်တမ်းတမိပါတယ်။ အေလာ (ပျဉ်းမနား)ဓာတ်သတ္တုသန့်စင်စက်ရုံတည်ဆောက်ရေးစီမံကိန်းပြီးဆုံးချိန် ၁၉၈ဝ ခုနှစ်မှာ ဘားအံ(မြိုင်ကလေး) ဘိလပ်မြေစက်ရုံတည်ဆောက်ရေး လုပ်ငန်းခွင် ကို ပြောင်းရွှေ့ဖို့ အမိန့်စာထွက်လာတဲ့အတွက် ကျွန်တော်ရဲ့ မိဘများတာဝန်ထမ်းဆောင်နေတဲ့ ဆောက်လုပ်ရေးအထူးအဖွဲ့(၄)ဟာ အေလာကနေ ဘားအံကိုပြောင်းရွှေ့ ခဲ့ရပါတယ်။ ပထမဦးဆုံးရှေ့ပြေး ပြောင်းရွှေ့တဲ့အဖွဲ့မှာ ကျွန်တော်မိဘများပါတာမို့ စက်ရုံတည်ဆောက်ရေး လုပ်ငန်းခွင်မှာ အိမ်တွေမဆောက်ရသေးတဲ့အတွက် ဘားအံမြို့ပေါ်က ဆောက်လုပ်ရေးဘိုတဲကို ယာယီပြောင်း ရွှေ့ရပါတယ်။ မြိုင်ကလေးဘိလပ်မြေစက်ရုံ ထုံးကျောက်တောင် ငယ်ငယ်ကနေခဲ့တဲ့ အိမ်နေရာ                                  စက်ရုံလုပ်ငန်းခွင်မှာ ယာယီအိမ်တွေဆောက်လုပ်ပြီးတော့မှ တစ်ဖက်ကမ်းမြိုင်ကလေးကို ပြန်ပြီး […]


Ko chogyiApril 20, 20132min1236
၂၀၁၃ ခုနှစ် သင်္ကြန်မှာ ထူးထူးခြားခြား ကျိုက်ထီးရိုးစေတီတော်ကို ၂ ခေါက်ပြန် ဖူးခဲ့ရပါတယ်။ အကျနေ့ ၁၄.၄.၂၀၁၃ ရက်နေ့ မနက်စောစော ရန်ကုန်ကထွက်ပြီး နေ့ချင်းပြန်သွားခဲ့တာပါ။ (  http://mandalay gazette.com/173244/travel   ) နောက်တစ်ရက်မှာ အစ်ကိုတွေအိမ်သွားလည်ရင်း ညီအစ်ကိုတွေစုမိတော့ ကျွန်တော်ကျိုက်ထီးရိုးဘုရားဖူးသွားခဲ့တယ်လို့ ပြော တဲ့အခါ မိသားစုတွေအားလုံးစုပြီး ဘုရားဖူးထွက်ကြမယ်ဆုံးဖြတ်လိုက်ပါတယ်။ ပထမတစ်ခေါက်က အလုပ် ထဲက ညီငယ်နှစ်ယောက်နဲ့ သွားခဲ့တာဖြစ်ပြီးတော့ ဒုတိယအခေါက်မှာတော့ မိသားစု(၆)စု (၁၉)ဦးလိုက်ပါ ခဲ့ပါတယ်။ ရန်ကုန်ကနေ့ ၁၆ ရက်နေ့ နံနက် ၂ နာရီခွဲမှာ စထွက်ခဲ့ပါတယ်။ ပဲခူးကို မနက် ၄ နာရီလောက်ရောက် တော့ သန်းကြွယ်ဆိုတဲ့ဆိုင်မှာ လက်ဖက်ရည်သောက် မုန့်စားပြီးဆက်ထွက်ခဲ့ပါတယ်။ ဘုရားကြီးအရောက်မှာ ရန်ကုန်-မန္တလေးလမ်းမပေါ်ကနေ မော်လမြိုင်ဘက်ကို လမ်းခွဲခဲ့ပြီး ဝေါ၊ […]


ကထူးဆန္းJanuary 23, 20131min34431
ခရီးသွား … ခရီးသွား နဲ့ တသွား ထဲ သွား တစ်ခရီးထဲ ခရီး နေကြတဲ့ အချိန် .. ဘက်စုံ ဒေါင့်စုံ က လုပ်ဖို့ မလွယ်ဘူး ဆိုတာ လည်း သဘောပေါက်မိပါရဲ့ .. အဲ့ဒီ့ အထဲ က တစ်ခု ..ဘယ်သူမှ ဟ တာ မတွေ့မိသေးလို့ .. နဲနဲ လေး တော့ လျှာရှည် ကြည့် ပါရစေ။ ခရီးသွား ကျန်းမာရေး အာမခံ ပါ ။ နိုင်ငံခြားသားတွေ ခရီးသွားရင် အများစု က အာမခံ မထား မရှိဘဲ မလာကြ ။ မသွားကြပါဘူး ။ အဲ မြန်မာပြည် သွားကြမယ်ဆိုတော့ […]


uncle gyiNovember 15, 20124min82522
စွယ်ပေါက္ကံ   August လတုန်းကမမျှော်လင့်ပဲမြေလတ်ကရွာလေးတရွာကိုရောက်ခဲ့ပါတယ် ရွာအမည်ကစွယ်ပေါက္ကံရွာ မကွေးတို်င်းချောက် မြို့နယ် သွားရတာကမန်းလေး မိတ္ထီလာ ကျောက်ပန်းတောင်းဂွေးချို အကျော် ရေနံချောင်းမရောက်မှီ ရွာလေးပါ ကိုယ့်ကားနဲ့ကိုယ်ဆို၃နာရီ  ၃နာရီခွဲလောက်မောင်းရပါတယ် လိုင်းကားနဲ့ဆိုရနာရီလောက်စီးရမှာဖြစ်ပါတယ် သွားတဲ့အဓိကအကြောင်းက ကထိန်လှူဖို့ဘုန်းကြီးကျောင်းသွားကြည့်တာဖြစ်ပါတယ် သွားကြည့်ဖြစ်တာကလည်းရွာသားတဦးကကို်ယ်တွေရဲ့တပည့်ဖြစ်နေတော့ ရွာကထိန်မလှူချင်ဖူးလားဆိုတာနဲ့သွားဖြစ်လိုက်တာပါ ကထိန်ကိုမတည်ပေးပြီးဝန်ထမ်းတွေလုပ်သားတွေကုသိုလ်လည်းပြုပြီးဖြစ်အောင် စုပေါင်ကထိန်လုပ်လာတာက၁ဝနှစ်ကျော်ပြီလေ မန်းလေးကမနက်၆နာရီထွက်သွားတာရွာကို၁ဝနာရီလောက်ရောက်ပါတယ် လမ်းတွေအကုန်ကောင်းပါတယ်ကတ္တရာလမ်းကျယ်များဖြစ်လို့ကားမောင်းကောင်းပါတယ် ချိုင့်တွေကျင်းတွေလည်းမရှိပါဖူး ဟိုးလွန်ခဲ့တဲ့အနှစ်၂ဝလောက်တုန်းကအဲဒီလမ်းသွားခဲ့တာကျင်းတွေချိုင့်တွေ နဲနဲရှိပါတယ်မိုးနည်းတဲ့အရပ်မို့လမ်းတွေကသိပ်မပျက်စီးပေမဲ့ကားလမ်းတွေကကျဉ်းပါတယ် ကား၂စီးရှောင်ရင်မလွတ်ချင်ပါဖူးတစီးကလမ်းဘေးကိုဘီးတဖက်ချပေးမှကျန်ကားကမောင်း လို့ရတဲ့လမ်းတွေပါ ရေနံချောင်း ကျောက်ပန်းတောင်းကားမောင်းတဲ့ကားဆရာတွေ ဟိုးအရင်ကတည်းကကားမောင်းယဉ်ကျေးမှုရှိပါတယ် ကားကြီးဆိုပြီးအခြားနယ်ကကားများလိုလုမမောင်းပါဖုူး လမ်းချစရာရှိရင်သူတို့ကအရင်ချပေးကြတာများပါတယ် အခုတော့လမ်းကကား၂စီးကောင်းကောင်ရှောင်နို်င်ပြီး ကတ္တရာလည်းကောင်းကောင်းခင်းထားတာကိုတွေ့ရပါတယ် တိုးတက်မှုကနှေးနေတာကအမှန် ငါတို့တိုင်းပြည်သူများနိုင်ငံတွေကိုမှီဖို့ ဒီထက်အများကြီးပိုလုပ်နိုင်မှ တကယ်လုပ်ကြမှဖြစ်မယ်လို့တွေးမိပါတယ်   ရွာရောက်တော့လည်းရွာဦးဘုန်းကြီးကျောင်းမှာကျောင်းထိုင်ဘုန်းကြီးကိုအဆင်သင့်ဖူးရပါတယ် ဆရာတော်ကလည်းလိုလေသေးမရှိဧည့်ခံပါတယ် စကားပြောဆိုပြီိးလို့ဘုန်းကြီးကျောင်းဝိုင်းထဲလှည့်ကြည့်တော့မှ တော်တော်ရှေးကျတဲ့ဘုန်းကြီးကျောင်းဆိုတာတွေ့လိုက်ရပါတယ် ဘုန်ကြီးကျောင်းဝိုင်းထဲမှာစေတီတဆူနဲ့သိမ်လည်းရှိပါတယ် ပထမဆုံးစေတီကိုလှည့်လည်ကြည့်ပြီးဖူးပါတယ် စေတီထုံးစံကထောင့်လေးထောင့်မှာခြင်္သေ့ရုပ်ထားကြတာများပါတယ်   အချို့စေတီမှာခြသေ့င်္ခေါင်းတခုကိုယ်နှစ်ကို်ယ်လည်းတွေ့ဖူးပါတယ် အဲဒီမှာမထင်တာတွေတွေ့ပါတယ် စေတီရဲ့ထောင့်၂ထောင့်မှာပုံမှန်ခြင်္သေ့ရုပ်ထုတွေတွေ့ရပေမဲ့ ကျန်ထောင့်၂ထောင့်မှာထူးခြားတဲ့မမြင်ဖူးတဲ့ပုံနဲ့ခြင်္သေ့ ၂ ကောင်က […]


kyawmonkhantMarch 4, 20124min15425
တောင်သူလယ်သမားနေ့ပိတ်ရက်မှာ ဇွတ်ရော အတင်းရော လိုက်ခဲ့ဖို့ အခေါ်ခံရလို့ သွားဖြစ်ခဲ့တဲ့နေရာလေးပါ။ အစက အဲဒီနေရာကို သွားဖို့ အစီအစဉ် ထဲမှာ မပါဘူး။ တယောက်က အကြံပြုလိုက်တာနဲ့ ရောက်ဖြစ်သွားတာ။ နေရာကတော့ စိမ်းလဲ့တင် ဟိုတယ်ရီဆော့ပါ။ ရန်ကုန် မော်လမြိုင် လမ်းမပေါ်  ရန်ကုန်ကသွားရင်ကျိုက်ထိုမရောက်ခင် လမ်းမကြီးရဲ့ ဘယ်ဘက်ဘေးမှာပါ။ ကားနားရင်း ထမင်းစားလို့ရတယ်။ ရေကူးလို့ရတယ်။ တိရိစ္ဆာန်ရုံငယ်လေး ရှိတယ်။ ပျိုးပင်တွေရောင်းတယ်။ လူတိုင်းဝင်ကြည့်လို့ ရတဲ့နေရာလေးပါ။ အပေါ့အပါးသွားချင်ရင်လဲ သန့်ရှင်းတဲ့ အိမ်သာရှိပါတယ်။ တခေါက်တော့ ရောက်ဖူးပေမယ့် ခုလိုကြာကြာမနေခဲ့ဘူး။ ဒီတခါတော့ သုံးနာရီလောက်ကြာအောင်နေခဲ့တာဆိုတော့ လှည်ပတ်ကြည့်ရင်း ဓာတ်ပုံရိုက်ခဲ့တယ်ဆိုပါတော့ (မနေ့ညနေကထမတခါတင်တာ၊ ကွန်နက်ရှင်မကောင်းတော့၊ အားလုံးလုပ်ပြီးသား၊ အကုန်ပျက်သွားတယ်၊ ၄-နာရီလောက်အချိန်ပေးလိုက်ရတယ်၊ ဒီမနက်အစအဆုံးပြန်ရေး/ပြန်တင်ရတယ်၊ ကော်နက်ရှင်က မနက်ပိုင်းဆို သိပ်မဆိုးလို့တော်သေးတယ်၊ ဒါတောင် ၁-နာရီလောက်တော့ကြာတာဘဲ) (၁) အဖီးတစ်ရာ […]


weiweiOctober 31, 20101min1037
ခရီးသွားဧည့်သည် ဝင်လာမဆဲတသဲသဲဖြစ်ခဲ့တဲ့ ငါတို့ရွာကြီး ခုများတော့ဝင်လာသူမရှိ ဘယ်လိုဖြစ်သနည်း … ကြောင်တစ်ကောင်နဲ့ ခရီးသွားတစ်ယောက်ထဲ ဆူးကလေးကတော့ တစ်ခါတစ်ရံ ကိုယ်ထင်ပြလေရဲ့ …. မနက်တုန်းကတော့သူကြီးက ယုန်ပုံပြင်ပြောပြလို့် သူ့ပုံပြင်ကို သံဝေဂရမို့  ပြန်ကြမယ် ဖိုးဖိုးဖွားဖွားတွေဆီသို့ … ရွာသူကြီးကိုလဲ ဝတ်စုံနဲ့တစ်ယောက်လာခေါ်သွားတယ် ဆွေးနွေးမေးမြန်းစရာရှိလို့ ခဏလောက်လိုက်ခဲ့ပါတဲ့ .. ဗမာစကားမပြောတတ်တဲ့သူတစ်ယောက် ရောက်လာသေးတယ် သူ့စကားလူမသိ လူ့စကားသူမသိနဲ့ အလုပ်မဖြစ်ပြန်ဘူး … ကြောင်ကြီးရေ နေရစ်ခဲ့တော့ တို့တော့ ရှေ့ခရီးဆက်လိုက်အုန်းမယ် …