ပြီးခဲ ့တဲ ့နှစ် နှစ်ကုန်ပိုင်းလောက်က fb မီဒီယာတွေမှာ ပွတ်ပွတ်ညံအောင် တက်လာခဲ ့တဲ ့ သတင်းတွေရှိခဲ ့တယ်။ ဒီသတင်းတွေ အထဲမယ် ဖိုးတစ်ခေတ်အကြောင်းလည်း ထိပ်သီးသတင်းလို ဖြစ်ခဲ ့တယ်။ ထိပ်သီးလို ့ပြောရတာက fb က ဖိုးတစ်ခေတ်အကြောင်းပါတဲ ့သတင်းတွေမှာ မြန်မာတွေရဲ ့ အဆဲစွမ်းရည်ကောင်းကောင်းပြသနိုင်ခဲ ့ကြလို ့။ 🙁 တဖက်က လူမျိုး ဓလေ ့စရိုက် ယုံကြည်ကိုးကွယ်မှုမတူညီတာကို နားလည်ခွင် ့လွှတ်ပြီး လေးစား အသိအမှတ်ပြုတတ်ဖို ့တွေ အလွန်ခေါင်းပါးနေတာတွေတွေ ့ခဲ ့ရတယ်။ အခြေအမြစ်မရှိတဲ ့သတင်းတွေ မှန် မမှန် မစီစစ်ဘဲ ဝုန်းဒိုင်းကြဲနေတာတွေ။ ဒီတုန်းက ဖိုးတစ်ခေတ်နဲ ့ ပတ်သက်ပြီး အထင်ကရဖြစ်နေတဲ ့ […]


တောင်ရောက် မြောက်ရောက်သွားလိုက်တာမှ ပြီးခဲ ့တဲ ့ နွေတုန်းက ထို ့ကော်ကိုး ဆိုတဲ ့ရွာကို ၂ ကြိမ် ရောက်ဖြစ်တယ်။ တစ်ကြိမ်က ကျုံဒိုးမီးပုံပွဲကိုသွားရင်းရောက်ခဲ ့တာ။ ထို ့ကော်ကိုးရွာက ကရင်ပြည်နယ် ကျုံဒိုးမြို ့ကနေတဆင် ့ မြောက်ဖက်ကို တစ်နာရီလောက် မောင်းသွားရတဲ ့ခရီးမှာရှိတဲ ့ရွာပါ။ ကော ့ကရိတ်မြို ့နယ်ထဲမှာရှိပြီး ထို ့ကော်ကိုးရွာကနေ နောက်ထပ် မိုင်ဝက်လောက်ဆက်သွားရင် ဗိုလ်ချုပ်ထိန်မောင်တို ့ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ ့နေတဲ ့ Nawtaya ကို ရောက်ပါတယ်။ ဒီနေရာဟာ ခရီးလမ်းအဆုံးပါ။ ဆက်သွားမယ်ဆိုရင်တော ့ သစ်ထုတ်လုပ်ရေးကားလမ်းများသာ ရှိပါတော ့တယ်။ ကျုံဒိုးမြို ့ကနေ ထို ့ကော်ကိုးရွာအထိ ကတ္တရာလမ်းခင်းထားပါတယ်။ ဒီဒေသဟာ […]


ပြီးခဲ ့တဲ ့ နွေတစ်တွင်းလုံးမှာ တောတွင်းပျော်ခြေရှည်လိုက်တာများ မြဝတီ ဘုရားသုံးဆူ ထီးခီး နယ်စပ်မြို ့ နယ်စပ်စခန်းတွေ အကုန်ရောက်ခဲ ့တယ်ဗျ။ ကိစ္စဝိစ္စနဲ ့ သွားလာခဲ ့တယ်ဆိုပေမယ် ့လည်း ကားမောင်းရင်းတဖက် နိုင်သလောက် မှတ်တမ်းတင် ဓါတ်ပုံတွေတော ့ရိုက်ခဲ ့ပါတယ်။ ရောက်ရာအရပ်ဒေသမှာလည်း ဒေသခံဆီ စပ်စုမေးမြန်း အချိန်ရရင် တကူးတကသွားပြီး ပုံတွေလျှောက်ရိုက်။ ဝါသနာကလည်း မငြိမ်ဘူးလေ .. ရိုက်ချင် စပ်စုချင်လို ့သာ လျှောက်ရိုက်ခဲ ့ပေမယ် ့ ခုလို ဂဇက်ပေပါ်တင်လိုက်ရင် မြင်ဖူး တွေ ့ဖူး ရောက်ဖူးပြီးသားသူတွေအတွက် အပိုတွေပါကွာ ဖြစ်နေပါအုံးလိမ် ့မယ်ဆိုရင် သည်းခံပေးကြပါ။ နာမည်ကြီးလှတဲ ့ နယ်စပ်မြို ့ကို သွားလာခွင် ့ကံမကြုံရသေးတဲ […]


တောတွင်းပျော်ရဲ ့ တောင်ရောက် မြောက်ရောက် ခရီးသွားဓါတ်ပုံ မှတ်တမ်းတွေ တင်နေတာကနေ တလှဲ ့ ခရီးသွားလာရင်း မတော်တဆ ခလုတ်တိုက်မိပြီး နှိပ်မိတဲ ့ပုံတွေ ပြောင်းတင်ကြည် ့လိုက်အုံးမယ်။ ကျနော်တောတွင်းပျော်က ဓါတ်ပုံရိုက် ဝါသနာသာပါတာ .. ပညာနဲ ့ ပတ်သက်လို ့ကတော ့ ခလုတ်နှိပ်တတ်တာတစ်ခုပဲရှိတယ်။ အလင်းအမှောင် အသွေးအရောင်ဆိုတာလည်း နားလည်တာမဟုတ်။ ပုံတစ်ခုမှာ အဝါ အနီ အနက် မျှတမယ်ဆို ကြိုက်မိတော ့တာပဲ။ အစိမ်း အပြာ အဖြူ ပြေပြစ်တယ်ဆိုလည်း လှတယ်လို ့ လူပြိန်းအတွေးနဲ ့ လက်ခံမိတော ့တာ။ ရှုခင်းအလှပုံတွေကို ပြောပါတယ်။ အခုလည်း သွားရင်းလာရင်း ရိုက်မိခဲ ့သမျှထဲက စိတ်ထဲက ကြိုက်တဲ ့ပုံတွေ […]


ဗျတ်ဝိသားရွာနဲ ့ ကျောက်ပြားတောင် အကြောင်းဆက်လိုက်အုံးမယ်။ ကျောက်ပြားတောင်က ဗျတ်ဝိသားရွာအရှေ ့ဖက် သဲချောင်းကြီးကိုကျော်ပြီး မိုင်ဝက်လောက်အကွာမှာ ရှိတဲ ့ ပင်လယ်ရေမျက်နှာပြင် ၇၀ဝ လောက်မြင် ့တဲ ့တောင်ကုန်းတန်းရှည်တစ်ခုပါ။ သဲချောင်းကြီးလို ့ခေါ်ကြပေမယ် ့ တစ်နွေလုံးရေမပြတ်တဲ ့ ကျောက်ချောင်းကြီးပါ။ ကျောက်ပြားတောင်ပေါ်မှာ ကျောက်တုံးကြီးတွေ တစ်လုံးပေါ် တစ်လုံးဆင် ့ပြီးတည်နေတာ ထူးထူးခြားခြားတွေ ့ရပါတယ်။ မြန်မာပြည်က ကျော်ကြားတဲ ့ ကျိုက်ထီးရိုးကျောက်တုံးလိုမျိုး .. ဒီမှာက နယ်မြေ ဧရိယာကျဉ်းကျဉ်းမှာ ဒီလိုကျောက်တုံးကြီးတွေ သဘာဝအတိုင်း ဆင် ့နေတာ ၃ ခု တွေ ့ခဲ ့တယ်။ ဒေသခံတွေ အဆိုအရ စစ်ကြီးမတိုင်ခင်က ဒီနေရာတွေမှာ ဘုရားတွေတည်ခဲ ့ကြပြီး စည်ကားခဲ ့ပုံ ရတယ်။ […]


မိုးကျလာလို ့ ခရီးအသွားအလာပါးသွားတော ့ … တနွေတွင်းလုံး ဆိုင်ကယ်တစ်စီးနဲ ့ သွားလာခဲ ့တဲ ့နေရာတွေက ရိုက်ထားခဲ ့သမျှတွေ ပြန်တင်မယ် ဗျာနော်။ တစ်ချို ့နေရာတွေက စိတ်ဝင်စားစရာကောင်းတဲ ့ ဒေသတွေဖြစ်ပြီး လူသူအသွားနည်းတဲ ့ အရောက် နည်းတဲ ့ နေရာတွေဖြစ်လိမ် ့မယ်ထင်တယ်။ ပုံတွေကတော ့ taw twin pyaw facebookမှာတင်ခဲ ့ပြီးသားပုံတွေပါ။


တလောက မြန်မာပြည်ပြန်ခဲ ့တယ်။ အိမ်အတွက်လုပ်စရာ ကိုင်စရာတွေကို လုပ်နေရင်းတန်းလန်းက အကြောင်းကိစ္စပေါ်လာလို ့ ရထားနဲ ့ ရန်ကုန်ကိုတက်လာရင်း လမ်းဘေးကမြင်ရတာလေးတွေကို ခလုပ်နှိပ်လာမိတယ်။ ထားဝယ် ရန်ကုန် ရထားပေါ်က လမိုင်းဘူတာအလွန် တစ်နေရာက မြင်ကွင်းလေးတစ်ခု လမိုင်းဘူတာက စထွက်တော ့ညနေ ၄ နာရီကျော် သံဖြူဇရပ်ဘူတာကိုရောက်တော ့မိုးချုပ်ပြီ မော်လမြိုင်ဘူတာကို ရောက်တော ့ ငိုက်ချင်ပြီ ခလုပ်နှိပ်မှားသွားတယ်။ (မော်လမြိုင် ဘက်ခြမ်း သံလွင်တံတားပေါ် အတက်က မြင်ရတဲ ့ဘုရား) ဘီးလင်း၊ကျိုက်ထို ဘက်ရောက်တော ့ မနက်၃ နာရီ ဝန်းကျင်၊ လုံးဝ အိပ်မရ ငိုက်မရ။ ဇန္နဝါရီ ၁၂ ညဟာ ဒီနှစ်မြန်မာပြည်ရဲ  ့ အအေးဆုံးညမှာပါသလားပဲ။ ရန်ကုန်ကိုရောက်တော ့ ချောင်း […]