ေတေလFebruary 17, 20121min874
သံတွဲမြို့ မြပြင်ကျေးရွာ ဦးကျော်အောင် ၊ ဒေါ်မေသန်း အမည်ပေါက် VT-၄ဝ မြေချိန်ဧရိယာ (၁.၇၅)ဧက ရှိ ဥယျာဉ်ခြံမြေ ကို ခလရ(၅၅) ခြေလျင်တပ်ရင်း မှ ပိုင်ရှင်မသိစေရပဲ လန(၃၉) ဖေါက်ယူ၍ အတင်းသိမ်းပိုက်ယူသော ကိစ္စတရပ်ဖြစ်ပါသည်။ မြေပိုင်ရှင်တို့မှာ ၎င်း ဥယျဉ်ခြံမြေ ကို လွန်ခဲ့သောနှစ်ပေါင်း (၇၀) ကျော် အဘိုးအဘွားများလက်ထက်မှစ၍ ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး မြေစရင်းအခွန် ပေးသွင်းလျက် စိုက်ပျိုးအသက်မွေးဝမ်းကြောင်းပြုလာခဲ့ပါသည်။ အဆိုပါဥယျဉ်ခြံမြေကို ရှေ့အဆက်ဆက် မည်သူ့ကိုမှ ရောင်းချ ခြင်း၊ ပေါင်နှံခြင်း၊ လက်ငုတ်စွန့်ပေးခြင်း မရှိခဲ့ပါ။ ယ္ခုသော် မြေပိုင်ရှင်အား အာဏာပြ အတင်းနှင်ထုတ်လျက်ရှိနေပြီး အဆောက်အဦး အတင်းဝင်ဆောက်လုပ်နေ၍ မြေပိုင်ရှင် မိသားတစုမှ ကူမည့်သူ မရှိပဲ ဒုက္ခ ဆင်းရဲခြင်းကြီးစွာ ရောက်လျက်ရှိနေပါသည်။ အခင်းဖြစ်ပွားသည့် ဥယျဉ်ခြံမြေမှာ […]