Zaw WonnaJanuary 15, 20111min23110
မြန်မာနိုင်ငံတွင် မော်တော်ယာဉ် စီးနင်းသူများအားလုံး ခါးပတ်တပ်ဆင် အသုံးပြုရန်အတွက် “ခါးပတ်ဥပဒေ” တစ်ရပ် ပြဋ္ဌာန်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဥပဒေအရ လိုင်းကားများတွင် ဂက်စ်အိုးများပေါ် ထိုင်လိုက်ကြရသော ခရီးသည်များ၊ သံဘားတန်းကို ကိုင်ကာ မတ်တပ်ရပ်စီးရသော ခရီးသည်များ၊ ခေါင်မိုးပေါ် တက်စီးသူများနှင့် အပေါက်ဝမှတွယ်စီးသော ခရီးသည်များ အားလုံး ခါးပတ်များကို ပတ်ထားကြရန် လိုအပ်ကြောင်း သိရှိရပါသည်။ ထိုသို့ ခါးပတ်ပတ်ထားခြင်း အားဖြင့် ခရီးသည်များ အနေဖြင့် လုံချည် ကျွတ်ကျခြင်းကဲ့သို့ မလိုလားအပ်သော အကျိုးဆက်များကို ရှောင်ရှားနိုင်မည် ဖြစ်ပေသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ပညာပေးရေးနှင့် စည်းကမ်းသတ်မှတ်ရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက “နိုင်ငံတကာမှာဆိုရင်တော့ ကားစီးရင်ခါးပတ်ပတ်ရမယ်ဆိုတဲ့ အသိတွေ ရှိနေကြပြီ။ မြန်မာနိုင်ငံမှာတော့ ခါးပတ်ကို ရှုပ်တယ်လို့တောင် […]