Mr WorldWideOctober 24, 20131min1957
တဖန်ပြန်လည်နုတ်ဆက်ပါတယ်..ရွာသူရွာသားများခင်ဗျာ ကျနော်လည်း အလုပ်ကရှုပ်တာတစ်မျိုး၊ ရွာမှာ စာလာတင်ရင် အင်တာနက်မကောင်းတာတစ်မျိုး၊ ဘာသာပြန်ပြီးတာကို စာရိုက်ဖို့ အချိန်မရတာက တစ်မျိုး၊ ဒီထက်ပိုဆိုးတာက ရွာကလူတွေက နည်းပညာသတင်းတွေကို စိတ်မဝင်စားကြဘူးလား ဆိုတာကို တွေးမိတဲ့ အတွေးက ရွာနဲ့ဝေးကွာဖို့များ ဖြစ်လာတာကြောင့် ရွာကို ပစ်ထားခဲ့မိပါတယ်။ တစ်နည်းအားဖြင့်တော့ ကျနော် အရှုံးပေးမိတာပေ့ါ။ ငါဘာသာ ပြန်ပြီးတင်ပေးလည်း စိတ်ဝင်စားချင်မှ ဝင်စားတာ။ တင်လည်း လူနည်းစုပဲဖတ်တာ..တင်မနေတော့ပါဘူးဆိုပြီး စိတ်ဓာတ်ကျစရာတွေ ခဏခဏဝင်လာတာကြောင့် လာမတင်ဖြစ်တော့တာပါ။ ဟိုနေ့က စာအုပ်လေးတစ်အုပ်ဖတ်ပါတယ်။ ဆရာမြတ်ငြိမ်းဘာသာပြန်ထားတဲ့…““ ပွဲကျပ်လျှင် ဇွဲခတ်သူတို့သာစမြဲ ”” ဆိုတဲ့ စာအုပ်လေးဖတ်ပြီးတော့ ကျနော် ရွာမှာ စာပြန်ရေးချင်တဲ့စိတ် ပြန်ဖြစ်လာပါတယ်။ ဒီအတွက် မူရင်းစာရေးဆရာကိုကျေးဇူးတင်သလို..ဆရာမြတ်ငြိမ်းကိုလည်း ကျေးဇှူးတင်ပါတယ်။ ဒီနေ့က စပြီး..ကျနော် စာတွေ ပြန်လည်တင်သွားမှာ ဖြစ်ကြောင်းနဲ့ မဖတ်ရင်လည်း အရင်လို […]