စူပါမားကက်က..အဖြစ်ကလေး..။။ အခုတစ်ပါတ်တော့ထူးဆန်းတာလေးတွေကြားနေရတယ် မိဘအုပ်ခြင်းမကင်းတဲ့ ကလေးတစ်ယောက်က (ကလေးဆိုတာ “၁၀”နှစ်ကနေ“၁၈”နှစ်အတွင်းလောက်တော့ရှိမယ်ဗျ ရန်ကုန်ဆင်ခြေဖုံး မြို့နယ်လေးတွေမှာ လိုက်လံဖွင့်ထားတဲ့ စူပါမားကက် ခေါ်မလား မီနီမားကက် ခေါ်မလား အတန်ငယ် နာမည်ရနေတဲ့  စူပါမားကက် ကလေး တစ်ခုမှာ ကလေးမ တစ်ယောက်က ဈေးဝယ်ရင်း ချောကလက် နှစ်ချောင်း ခိုးပါတယ်တာဝန်ရှိသူတွေက ဖမ်းဆီးရမိလို့ ခိုးယူမှုပေါ်ပေါက်ခဲ့တယ်ဗျ ချောကလက်ရဲ့တန်ကြေးကတော့ ကျွန်တော် အထင် ချောကလက်အချောင်လေးများဟာ ၈၀ဝ တန်ကနေ ၁၈၀ဝ တန်လောက်အထိရှိပါတယ် အဲလောက်တန်ကြေးရှိတဲ့ ချောကလက်ဖမ်းဆီးရမိတာကြောင့် စူပါမားကက် တာဝန်ရှိသူတွေက ပေးလျှော်ဖို့  ဆုံးဖြတ်ဟန်တူပါတယ် အချို့သော စူပါမားကက်များဟာ ဖမ်းဆီးရမိတဲ့ပစ္စည်းတန်ကြေးရဲ့ အဆ နှစ်ဆယ် တန်းဖိုးပေးလျှော်ရတယ်လို့ သိရပါတယ် အဲဒီ ခိုးယူတဲ့ကလေးမလေးဟာသာမာန် ဆင်းရဲသားဖြစ်တဲ့အတွက် သူတို့ဆုံးဖြတ်တဲ့ တန်းဘိုးကိုပေးလျှော်နိုင်ခြင်းမရှိတဲ့ အတွက် သူမှာပါလာတဲ့ မိဘကဆင်ပေးထားတဲ့ […]