Nan ShinSeptember 9, 20111min723
ဟာရီကိန်းအလွန် နယူးယောက်ပြည်နယ် ရန်ဆယ်လီယာရွာလေး၏ရာသီဥတုသည် မိုးလေးတငြိမ့်ငြိမ့်ချမ်းစိမ့် စိမ့်ရှိလှသည်မို့ ညဆိုင်းလုပ်ငန်းခွင်မှပြန်လာခဲ့သော ကျနော်သည် ရောက်ရောက်ချင်းဆိုသလို ပင်ပင်ပန်း ပန်းနှင့်နှစ်ချိုက်စွာအိပ်မောကျသွားခဲ့သည်။နေ့လည်နှစ်နာရီခန့်တွင် အိပ်ရေးဝ၍နိုးထလာပြီး ခပ်ပြင်းပြင်းရှိလှ သည်ကတစ်ကြောင်း အညောင်းအညာပြေလမ်းလျှောက်ထွက်လိုသည်ကတစ်ကြောင်းမို့ ဘယ်ရယ်မဟုတ် ဦး တည်ရာမဲ့လမ်းလျှောက်ထွက်ခဲ့သည်။အတန်ငယ်လျှောက်ပြီးသောအခါတွင် မြန်မာလူမျိုးတစ်ဦးဖွင့်ထားသည့် Win Market ခေါ် မြန်မာဈေးဆိုင်အတွင်းသို့ဝင်သွားလိုက်သည်။ဆိုင်ထဲအရောက်တွင် ၎င်း Win Market ဆိုင် ၏ပိုင်ရှင်ဖြစ်သော ကိုညွန့်ဝင်း{ABSDF ရဲဘော်ဟောင်း…ကပ- ၃၃၇ဝ ၊တာဝန်-တပ်သား၊တပ်ရင်း/ဖွဲ့-၂၀၄… ၂၀၅၊အချိန်ကာလ-၁၉၉၂၊နေရာနဲ့ဖြစ်ပွားပုံ-(နွားလေးခို)တပ်မဟာ ၃..(ညာလက်ပြတ်)} ဆိုသူသည် ဆိုင်အ တွင်းမှထွက်လာ၍ ….   “ဟေ့ကောင်မင်းအခု ဆိုင်ထဲကထွက်သွား” ဟု ကျနော့်ကိုပြောပါသည်။ “ကျနော်က….ဘာဖြစ်လို့လဲဗျ.” “မင်းဘာဖြစ်လို့ ဘုန်းကြီးကိစ္စတွေကို အင်တာနက်မှာလိုက်တင်နေတာလဲ” “ဖြစ်ရပ်ကလဲမှန်နေလို့…ပြီးတော့ ကျနော်ကိုယ်တိုင်လဲ လက်တွေ့ခံထားရတဲ့သူဖြစ်နေလို့ပေါ့ဗျ…” “ဘာဖြစ်ဖြစ်မင်းအခုဆိုင်ထဲကထွက်သွားကွာ” စသည်ဖြင့် နှင်ထုတ်သည့်အပြင် ရိုင်းစိုင်းညစ်ညမ်းစွာပါဆဲရေး တိုင်းထွာလာပါသည်။ ကျနော်သည်ဖြစ်ဖြစ်ချင်းတွင် လူတို့၏ […]