ခုတလော ရုပ်ရှင်အကြောင်းလေးတွေ တွေးနေတုန်း သူငယ်ချင်းတစ်ယောက်က Maleficent ဇာတ်ကားအကြောင်းပြောလာတော့ ကျတော်က စင်ဒရဲလားလေးကို သတိရမိပြန်တယ်။   မလီဖီးဆန့်ရုပ်ရှင်တင်တုန်းကတော့ ကာတွန်းကားနဲ့ ကျောရိုးသာတူပြီး တော်တော်ကွဲပြားသွား တာကြောင့် ကြည့်ရှုရသူတွေ ကြိုက်နှစ်သက်ခဲ့ကြပြန်ပါတယ်။ ဂျိုလီရဲ့ သရုပ်ဆောင်မှုလည်း ပါတာပေါ့။ စင်ဒရဲလားကားမှာတော့ တော်တော်များများမျှော်လင့်ခဲ့ကြပါတယ်။ ရုံတင်ပြီးနောက်ပိုင်းမှာတော့ တော်တော်များများက ကာတွန်းကားနဲ့လည်း တူတူပဲ ကာတွန်းကား လောက်တောင် အရသာမရှိဘူး နဲ့ ကြိတ်မနိုင်ခံမရ အသံများထွက်လာပါတော့တယ်။   ကျတော်ကတော့ ဆန့်ကျင်ဘက်ပါ။ ကျတော်ကြည့်မိသလောက်ပေါ့နော် စင်ဒရဲလား လူကားထဲမှာ မတူတဲ့အချက်တွေက ကင်းလိပ်ချော နှစ်ကောင်ရယ် ဖန်ဖိနပ်လေးကို ရိုက်ခွဲလိုက်တာရယ်။ နောက်ဆုံး မင်းသမီးလေး သီချင်းဆိုတဲ့ အခန်းရယ်လောက်ပဲ ရှိလိမ့်မယ်။ လူနဲ့တဖန်ပြန်ရိုက်ထားတဲ့ တဖန်ကြည့်ရတဲ့အတွက် ငယ်ဘဝပြန်ရောက်သွားသလိုပါပဲ။ စင်ဒရဲလား လူဗားရှင်းကတော့ ကျတော်ကို […]


Foolish GirlOctober 21, 20131min23816
ရွာထဲလည်းမရောက်တာကြာပြီ ဘာမှလည်းမတင်ဖြစ်ဘူး၊ အခုတလောကော်နက်ရှင်မကောင်းတော့ ဖွင့်လို့တောင်မရဘူးလေ၊ ပြီးတော့ရေးလည်းမရေးဖြစ်တော့ဘာမှမတင်ဖြစ်တာပါ၊ ဒီနေ့တော့ခံစားမိတာလေးတစ်ခုပြောချင်တယ် တစ်ရက် သူငယ်ချင်းမွေးနေ့ပွဲလုပ်တယ် သူငယ်ချင်းတွေတူတူသီချင်းဆိုကြ ကဲကြပေါ့၊ အသောက်အစားလည်းပါတာပေါ့၊ မိန်းကလေး သူငယ်ချင်းတစ်ယောက်နဲ့ spy သောက်မလားဆိုတော့ သောက်မယ်ပေါ့ ဖြေလိုက်တယ်၊ အဲဒီအချိန်မှာ တစ်ခြားသူငယ်ချင်းတစ်ယောက်ကပြောတယ် တိုင်းရင်းသားတွေဆိုတော့ သောက်တတ်တာပေါ့တဲ့၊ သူပြောတာဟုတ်ရင်ဟုတ်မယ် ဒါပေမယ့် လက်မခံနိုင်ဘူး၊ တိုင်းရင်းသားမဟုတ်တဲ့မိန်းကလေးတွေ ဘီယာသောက်တာတပုံကြီးပါ၊ အဲဒီလိုအပြောခံလိုက်ရတော့ သူ့ကိုလဲဘာမှမပြောဘူး ကိုယ့်ကိုကိုယ်ပဲအပြစ်တင်လိုက်တယ် ၊ ဩ ငါအနေအထိုင်မတတ်လို့ ငါ့လူမျိုုးဝါးလုံးရှည်နဲ့ သိမ်းကြုံးခံလိုက်ရတယ်လို့၊ အဲဒီနောက်မှာ ကျွန်မ မူးယစ်စေမယ့်အရာတွေကိုရှောင်လာခဲ့တယ်၊ အစက တော့ဝိုင်သောက်တာ ကိုယ်ကမကောင်းတာမှမလုပ်တာ ဘယ်သူ့ကိုမှထိခိုက်မနေဘူးလို့ ထင်နေခဲ့တယ်လေ၊ တကယ်တမ်းကျတော့ ကျွန်မအထင်က အကြီးကြီးကိုမှားယွင်းနေတယ် ၊ အဲဒါကြောင့်ကျွန်မဆုံးဖြတ်လိုက်တယ် “ကျွန်မ မူးယစ်စေသောအရာများကို မသောက်သုံးတော့ပါ” လို့


ရွှေ ကြည်August 27, 20121min45449
ဆန်ကုန်မြေလေး အကျဉ်းကျနေတဲ့စိတ်ကလွတ်လပ်ခြင်းကိုငတ်မွတ်လာတဲ့အခါ ရင်ကွဲနာကျချင်ပါရဲ့။ ဘဝအဓိပ္ပါယ်ဆိုတာအဖြေရှာကြည့်တဲ့အခါ အယူအဆတွေကြားမှာ မွန်းကြပ်လာပါရဲ့။ အေးချမ်းမှုဆိုတာကိုဖွေရှာ စိတ်ကူးဖန်တီးကြည့်တဲ့အခါ မရေရာမှုတွေနဲ့သာအဆုံးသတ်ခဲ့ပါရဲ့။ ဘဝဆိုတာတိုက်ပွဲလား၊ ကြိုးစားရုန်းကန်ရခြင်းလား ဘာပဲဖြစ်ဖြစ်ညစ်လာတဲ့အခါ အရွဲ့တိုက်ချင်ပါရဲ့။ ခက်ခဲလှတဲ့လောကကြီးမှာ ၂၈ နှစ်တိုင်အောင်ရှင်သန်နိုင်ခဲ့တာကိုဂုဏ်ယူရမလား အောင်မြင်မှုဆိုတာမရေရာပဲ အသက်တွေကြီးလာတာကိုပဲရှက်ရမလား သေချာတာကတော့ အမေကချစ်နေဆဲ အဖေကလည်းဂုဏ်ယူနေဆဲပဲ မိဘကိုစိတ်ဒုက္ခမပေးတဲ့သမီးတဲ့လေ။ တော်လွန်းသူတွေကြားမှာ သိမ်ငယ်ခဲ့ရတဲ့အခါ ကိုယ့်ကိုယ်ကိုညံ့တယ်လို့မြင်လာတဲ့အခါ လူ့လောကကနေသာအငွေ့ပျယ်ပျောက်ကွယ်သွားချင်မိပါရဲ့။ သိပ်ရှက်လို့လေ။     ကျေးဇူးအထူးတင်ပါတယ်ရှင်။