ကျွန်မ…..သေချင်တယ်…..။ အလုပ်ကပြန်ပြန်လာချင်း…. ဒိုင်ယာရီစာအုပ်လေးမှာ ကျွန်မရေးလိုက်တဲ့စာသား….။ ကျွန်မဘေးနား က တစ်ယောက်ယောက်ပြောနေသလိုပဲ။ သေချင်ရင်…အလွယ်လေး…တဲ့။ “ဟူး…………………” သက်ပြင်းတစ်ချက်မှုတ်ထုတ်လို့ အသက်တစ်ရက်တိုမယ်ဆို လောကမှာ ကျွန်မနေရမယ့်နှစ်တွေ  တော်တော်လျော့ကုန်တော့မှာပဲ။ ကျွန်မကိုယ်ကျွန်မ မှန်ထဲပြန်ကြည့်မိတယ်…။ အို…. ငါတော်တော်ရင့်ရော် နေပါလား… အသက်အရွယ်နဲ့ မလိုက်အောင်ဘဲ။ အခုမှ ကျွန်မအသက်(၁၆)နှစ်။ အရမ်းကိုရင့်ကျက်နေပြီလား လို့ ကျွန်မကိုယ်ကျွန်မထင်မိတယ်….။ ဒါပေမယ့် ကျွန်မအလုပ်ဝင်နေရပြီ။ “စပရိန် ရေ…. ထမင်းစားရအောင်….” ဟော့်…ကျွန်မအဖွားခေါ်နေပြီ။ အလုပ်ကပြန်လာကတည်းက ဗိုက်ဆာနေတာ ခုမှသတိရတော့တယ်..။ အဖွားရှိရာ ထမင်းစားခန်းကို ကျွန်မအပြေးလေးထွက်လိုက်တယ်…။ အပြေးလေးသာဆိုတယ် ကျွန်မအခန်းလေးနဲ့ ထမင်းစားခန်းဆိုတဲ့ အိမ်ရှေ့နေရာ ကျွန်မခြေလှမ်း (၃…၄)လှမ်းလောက်ဆို ရောက်သွားတာ…။ ကုလားပဲလေးကို အစေ့လိုက်ဟင်းချိုးလေးချက်ထားတယ်…။ သရက်သီးသနပ်ရယ်…. မနက်က ကျွန်မကိုထမင်းချိုင့်ထည့်ပေးလိုက်တဲ့ ကြာက်သားကြော်အချို့တစ်ဝက်ရယ်..။ ငါးကြော်နည်းနည်း ရယ်။ ဘာပဲဖြစ်ဖြစ်အဖွားချက်တာဆို အကုန်ကောင်းပါတယ်…။ […]