Paing LaySeptember 28, 20141min28712
ဇီးကွက် ၂ကောင် လာဘ်ကိုဆောင်ဆိုတဲ့အတိုင်း ဇီးကွက်နဲ့ပတ်သက်လို့ ဆောင်လိုက်တဲ့လာဘ်တွေ တောင်လိုပုံလို့ တချို့ဆိုရင် ဇီးကွက် အရှင်ကို လှောင်ချိုင့်ထဲ ထည့်ဖမ်းကြသေးတယ်။ ဒါပေမယ့် တောင်ပေါ်ဒေသရောက်ရင် မကောင်းဆိုးဝါးဆိုပြီး ပစ်သတ်ခံရတတ်တယ်။ ထိုနည်းတူပဲ….. လူတိုင်း အကောင်အထည်မြင်ဖို့ ခက်ခဲတဲ့ ညဉ့်ငှက်ဆိုးတစ်ကောင်ဟာ မြေပြန့်ဒေသက အိမ်တစ်အိမ်နား အသံပေးပြီး ဖြတ်သန်းသွားရင် အိမ်တစ်အိမ်က မိသားစုဝင် တစ်ဦးဦး သေဆုံးဖို့ နိမိတ်ပုံတဲ့။ တောင်ပေါ်ဒေသ ကို ဖြတ်သန်းလာရင် သူ(ညဉ့်ငှက်ဆိုး)ဟာ ကံကောင်းခြင်းတွေကို ယူဆောင်လာတဲ့ တမန်တော်တဲ့။   သူတို့ ၂ကောင်ဟာ လူတွေရဲ့ ပညတ်ချက်တွေကြားမှာ ချောင်ပိတ်နေတာ အခုချိန်ထိပဲပေါ့။   “တကယ်တော့ ငှက်ဟာ ငှက်ပါပဲဗျာ”   အားလုံးကို လေးစားတဲ့ Paing Lay