သူရႆဝါMay 2, 201014min1154
“နေ့မသင့်နံမသင့် ဆုတောင်းယူမိသော အနာများ (၁)” “လူငယ်သည် တနင်္လာတွင် …..” တနင်္လာနေ့မှာ နမိုးနီးယားရောဂါ၊ အကုသိုလ်အနည်းအကျဉ်း နေ့ခင်းဘက်ကျရောက်တတ်သောအမှောင်နဲ့ လူငယ်တစ်ယောက် တနင်္လာကိုထိုင်ကြည့်နေတယ်။ ကြယ်ပန်းလူ (တနင်္လာ) မှာ တံဆိပ်ခေါင်းကပ်ထားတယ် … မှ တစ်ခုခု ရလိုရငြား ကုတ်ခြစ်ယူကြည့်တော့ တနင်္လာဟာ အစိမ်းလိုက် ထွက်ကျလာခဲ့ …။ တနင်္လာဟာ ရောဂါတစ်ခုလို စွဲကပ်ငြိတွယ်လို့ …. တနင်္လာဟာ လူငယ်ကို လမ်းပြခေါ်ဆောင်သွားပြီ။ နမိုးနီးယားရောဂါက တနင်္လာထဲမှာ၊ အကုသိုလ် အနည်းအကျဉ်းက တနင်္လာထဲမှာ၊ လူငယ်တစ်ယောက်လည်း တနင်္လာထဲမှာ …. ဒီလိုနဲ့ တနင်္လာကို ထိုင်ကြည့်နေတယ်။ တနင်္လာနေ့ရောက်တိုင်း မိုးတိမ်တို့ အုံ့ဆိုင်းကြပြီ။ တနင်္လာနေ့ ရောက်တိုင်း ကချေသည်ဟာ ပဉ္စလက်မီးအိမ်ထဲက ထွက်ပေါ်လာ။ တနင်္လာဟာ ကမ္ဘာကို အမှောင်ချ […]