manawphyulayMarch 27, 20111min662
တို့တွေ မနက်ဖြန် မခံနိုင်လွမ်း မတွေ့ကြနဲ့ ဝေးကြရတဲ့ရက်ပေါင်းတွေထဲ အလွမ်းတွေကို သီဖွဲ့အလီလီ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူး တစ်မျိုးတိုးလို့ အချစ်တွေထူး ဘယ်မြို့ဘယ်ဝယ် ရောက်နေသိမသိ အိမ်မက်ထဲက သခင်တစ်ယောက် ရည်ရွယ်မျှော်ကာ မှန်းဆကာလွမ်း သတိရကာ တမ်းတနေလဲ အကြောင်းမထူးတာဖြင့် အတာတန်ခူးကို ရောက်ရှိခဲ့ပြန်ပေါ့ ကံကြမ္မာ ယိုးမယ်ဖွဲ့ရရင်ဖြင့် ဆုံနိုင်ဖို့ အခွင့်ရှိရင်ကွဲ့ ကံဇာတ်ဆရာရယ် ဒီတန်ခူး နှစ်ကူးမှာ အလှည့်ပေးလှည့်ပါဦး….