TTNUOctober 1, 20111min1689
  Best Teacher (12)   ခံတွင်းမှ ဖွားသူများ ဓမ္မဘေရီ အရှင် ဝိရိယ(တောင်စွန်း) ရေးသားတော်မူတဲ့ မထေရ်မြတ်တို့ စကားဝိုင်း (၂) မှ ကိုး ကားတဲ့ အသုံးအနှုံးလေးဖြစ်ပါတယ်။ ဘုန်းဘုန်းက အောက်ပါအတိုင်း မြွက်ကြားထားပါတယ်။ “ မိဘ ဆိုတာ ရုပ်ခန္ဓာကိုယ်ကိုကြီးထွားသန့်စင်အောင် ဖွားမြင်စောင့်ရှောက် သင်ကြားပေးတဲ့ လက်ဦးဆရာများဖြစ်သလို  ဆရာဆိုတာလည်း နာမ်ခန္ဓာကိုယ်ကို ကြီးပြောင်စင်အောင် ဖွားမြင် စောင့် ရှောက်ပြုစုပေးနေတဲ့  ပဝတ္တိ မိဘတွေပါ။ လူဆိုတာ ရုပ် နာမ် နှစ်ခုလုံး ကြီးပြောင် စင်မှ လူလားမြောက်ပါတယ်။” ဘုန်းဘုန်းကြီး ဆက်မိန့်ထားတာကတော့  ဆရာ ဆရာမ ဆိုတာသူတို့ရဲ ့ နှလုံးသားထဲမှာ တပည့်သားတို့ အပေါ်မှာ တတ်သိ လိမ္မာစေချင်တဲ့ မေတ္တာ ကရုဏာတရားတွေ […]