ကဲ ဒီတစ်ခါတော့ အာလူးကတ်တလိတ်ပေါ့။ အာလူးကို အမျိုးမျိုး အဖုံဖုံလုပ်စားကြတဲ့အထဲမှာ အာလူးကတ်တလိတ်ဟာလည်း လူတော်တော်များများနှစ်သက်ကြတဲ့အထဲမှာ ပါဝင်ပါတယ်။  အဓိကအာလူးကတ်တလိတ်လုပ်တဲ့အခါ အာလူးဟာကြော်လိုက်ရင် ကွဲသွားတာကိုအတော်များများကြုံကြရပါတယ်။   ဒီတစ်ခါတော့ လွယ်ကူသက်သာစားကောင်းတဲ့ အာလူးကတ်တလိတ်လုပ်စားကြရအောင်ဗျာ။   အဆင့်(၁) အာလူးကိုပြုတ်ထားရပါတယ် အကြီးကြီးတွေမဟုတ်ဘဲ အနေတော်ဆို  ပိုကောင်းပါလိမ့်မယ်။ အဆင့်(၂) အာလူးကိုပြုတ်ပြီးရင်တော့အခွံနွှာပြီး ထက်ပိုင်းလေးတွေ ချေထားလိုက်ပါ။ ကြက်သွန်နီ အနေတော်အလုံးတွေကို ရှစ်စိတ်လောက်ခြမ်း အာလူးနဲ့ရောထား။ ပြီးရင်တော့ ထောင်းပါ့မယ်။ အာလူးဟာထောင်းရင် ငါးဖယ်လိုစေးလာပါလိမ့်မယ်။ အာလူးထဲက ကြက်သွန်ဟာလည်း မညက်တစ်ညက်လေးဖြစ်လာလိမ့်မယ်။ ဒါဆိုရင်တော့ ငရုတ်ဆုံထဲက ကော်ထုတ်လို့ရပါပြီ။ နောက်ထပ်မဆလာကြိုက်သူကတော့ မဆလာရယ် ဟင်းခတ်မှုန့်လေး အနည်းငယ်ရယ် ဆားရယ်ကို အနေတော် ရော်နယ်ရပါမယ်။ အကြော်မှုန့်လေးအနည်းငယ်ပါ ရောနယ်ပါ။ အကြော်မှုန့်မရှိရင် ကော်မှုန့်လည်းရပါတယ်။ နယ်ပြီးပြီဆိုရင်တော့ ဆီပူအောင်တည်ထားမယ်။ အာလူးကို အနေတော်အလုံးလေးတွေလုံးမယ်။ […]