moonpoemMay 31, 20141min26818
မနေ ့ကသမီး ပုဒ်မ ၄၃၆ပြင်ဆင် ရေးအတွက် NLDရုံးချုပ်မှာ လက်မှတ်သွားထိုးခဲ့ပါတယ် အမေ။ အဲဒါကလေ စိုင်းစိုင်းခမ်းလှိုင်လို သူများတွေဝိုင်းဆဲမှ သွားထိုးတာ မျိုး မဟုတ်သလို ဟိုအဖွဲ့အစည်းက ဟိုလူကြီးပြောသလို လက်မှတ်ထိုးရင် လမ်းတစ်ခြမ်း အဲလေ လမ်းခင်းပေးမယ်ဆိုလို့ သွားထိုးတာမျိုးလည်း မဟုတ်ပါဘူးအမေ။ ကိုယ့်အသိစိတ်နဲ့ကိုယ် လက်မှတ်ထိုးဖို ့သွားခဲ့တာပါ အမေ။ စကားမစပ် အခု ဝါတွင်းလည်း ရောက်ခါနီးပြီဆိုတော့ အမေရေ သမီး ကုသိုလ်လည်းရအောင် ဟိုလူကြီးပြောတဲ့ ထမင်းတနပ်လျှော့စားဆိုတဲ့ စကားနားထောင်ရာလည်း ရောက်အောင် ဥပုသ်စောင့်မယ်လို့ စိတ်ကူးမိတယ်အမေ။သာဓု ခေါ်ပါ အမေ။ ပြီးတော့လေ နိုင်ငံတော်ကြီးကို ချစ်တဲ့အမေ့သမီး ဟိုလူကြီး ဗိုက်လှန်ပြတဲ့ ဖက်ရှင်ကို သဘောကျလို့ အခု ချက်ပေါ်ဘောင်းဘီ ဝယ်ထားတယ်အမေ။လှမှာပါ အမေ။ ဒါနဲ့ အမေအိမ်က နွားမမိညိုကြီး […]