moonpoemNovember 29, 20141min28214
အသက်၁၄နှစ် Valentine အသက်အရွယ် ဖြစ်သည်။ချစ်ခင်နှစ်လို ဖွယ်ရာကောင်း၏။ အသက်၂၅နှစ် Christmas အသက်အရွယ်ဖြစ်သည်။အများတကာ မျှော်လင့်နေကြသေးသော အရွယ် ဖြစ်၏။ အသက်၂၇ တော်လှန်ရေးအသက်အရွယ်ဖြစ်သည်။အနီးအနားတွင် ပတ်ဝန်းကျင်တွင် အိမ်ထောင် မပြုသေးဘူးလား ဘာလားအစရှိသော စကားများဖြင့် တိုက်ခိုက်ခြင်း ခံရစ ပြုလာပြီဖြစ်သော အရွယ် ဖြစ်၏။ အသက်၃၁ နုပျိုခြင်းတို့၏ အဆုံးစွန်သော year ending အသက်အရွယ် ဖြစ်သည်။သို့သော် New year ကဲ့သို့လည်း စိတ်ဝင်စားဖို့ကောင်းနေပြန်သည်။ အသက်၄၀ မိုးမိုးသီချင်းကဲ့သို့ပင် အပြုံးလေးနှင့် လိမ်ရသော အရွယ်ရောက်လာပြီး တွံတေးသိန်းတန်သီချင်းလိုလည်း ၄ဝကျော် အချစ်တွေ ဘာတွေဖြင့် ငယ်မူပြန်နိုင်သေး၏။ အသက်၆၆ မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရသွားပြီ ဖြစ်သည်။အားလုံးသင့်အား ဘာမှ မပြောကြတော့။လွတ်လပ်သွားပြီ ဘေးကင်းသွားပြီ။တောထွက်လို့ ရပြီဖြစ်လေသည်။ ပြီးပါပြီ။ ကြားကြားသမျှ […]