TTNUAugust 21, 20122min52636
လူတိုင်းအညွန့်လေးတလူူလူတက်ချင်ကြတယ်။ နာမည်ပေးရင်တောင်မှ ဘယ်သူမှ “ငတိ” လို့ မပေးချင်ဘူးနော။ ဘုရားပန်းကပ်ရင်လည်း အညွန့်လှလှလေးပါတဲ့ ပန်းမှ ကပ်ချင်တယ်။ သပြေဆိုလည်းသပြေညွန့်လေးနုပြီးရဲနေမှ ကြိုက်တာပါ။ ဥပမာ (၁) သပြေညွန့်   ဓာတ်ပုံ။ (အစိမ်းရောင်လွင်ပြင် ချော) ကျေးဇူးတင်ပါသည်။         နောက်တစ်ခါ  ဟင်းသီးဟင်းရွက်ဆိုရင်လည်းနုဖတ်ညွန့်ဖူးနေမှ။ခပ်ရင့်ရင့်နဲ့ရွက်ကြမ်းကြီးတွေဆိုရင် ခြွေပစ်တော့တာပါပဲ။ တို့စရာဘာတို့စားသလဲမေးရင် ဗူးရွက်ပြုတ်လို့ မဖြေပေါင်၊ ဗူးညွန့်လေးပြုတ်တို့တာ လို့ပြောကြတာ။  ဒီလိုပဲ ဖရုံညွန့်၊ ဖရဲညွန့် စသဖြင့်တို့လည်းအညွန့်လေးတွေကြော်စားမှ ချိုသလိုလို။     ဥပမာ(၂) ဖရုံညွန့်။           ဥပမာ(၃)  ဖရဲညွန့် (Credit to My Balcony Jungle.)     […]