ဗမာျပည္သားDecember 20, 20101min1245
….ဒါလေး ကတော့ အနော့ကောင်မလေးကို လိုက်စကားပြောတာအဆင်မပြေလို့ စပ်လိုက်မိတဲ့ကဗျာလေးပါ..ဟဲ…ဟဲ ဒီကဗျာလေးကို သူ့တယောက်ထဲကိုပဲ ပေးခဲ့ဘူးတာပါ..ဒါပေမယ့်..ခုတော့လည်းသူက..သူက..ဟဲ..ဟဲ ထုံးစံအတိုင်းပေါ့ဗျာ…သိတဲ့အတိုင်း ..ကိုယ်ကချိန်လိုက်..သူများနောက်လိုက်ပေါ့..ဟဲ..ဟဲ အော်လျှောက်လွှာဖိုးတွေလည်း ကုန်လှပြီ..ဟဲ..ဟဲ..ဟိုသူချင်းထဲကလိုတော့ဇြစ်နေပါပြီ..ဘာတဲ့..အဲ..အဲ `ဘယ်တော့များမှ ..စားရမှာလည်း…´ဟဲ…. ဟ ဲ `ချစ်ရတဲ့…သူလေး..ထံသို့ရင်ဖွင့်စာ….´ အရပ်မြင့်မြင့် ..အသားဖြူဝါ… ဆံကေသာ….ဂုတ်ဝဲနှင့်.. ထူးခြားဆန်းပြား…လှုပ်ရှားဟန်နွဲ့.. ပြောပုံချိုသာ… ညင်သာလေ..သူ့မနော.. ကိုယ့်သဘော၌ခိုက် ..ကြိုက်မိပြီပေါ့သူရယ်.. ထိုသို့ဖြစ်လိုက်..ချစ်ကြိုက်မိတော့.. ရင်ဝယ်ခံစား..ဝေဒနာများကို.. ဖွင့်ပြောဖို့ရန်..စိတ်အားသန်လို့.. သူလေးရဲ့ထံ…ကျောင်းအပြန်ဝယ်.. ချစ်ကြင်ပါကြောင်း..တုန့်ပြန်ကောင်းဖို့ နှီးနောဖလှယ်..ယှက်နွယ်ပါလည်း နှောက်ယှက်..စော်ကား.. ထင်မှတ်မှားသည့်..သူ့အမြင်ကြောင့်.. စာနာစွာပင်..ပြန်ခဲ့ရ.. ရှံးနိမ့်ရသည့်.. ဤတကြိမ်ဝယ်.. မတတ်သာ၍..လက်မှိူင်ချ.. ချစ်ခဲ့ရသည့်..အချစ်ကြီးသူမို့ လက်လျှော့ရန်..မစဉ်းစား.. တိုးပွားလာသည့် ..ဝေဒနာကိုသာ ဖြေမဆည်သာ..မိူင်တတွေတွေနှင့်.. သူတကယ်မြင်စေချင်..စမ်းပါလှ.. လွမ်းရသည့်..ရက်တွေကို..