blueroseMarch 9, 20121min14813
“ပေးဆပ်ခြင်းနဲ့ချစ်နေလည်းရလဒ်ကတော့ဒီအမုန်းများ သိပ်ချစ်တယ်အရမ်းမုန်းတယ်….ဝဋ်ရှိရင်ကြေပေးတော့ကွယ် နှလုံးသားထဲကချစ်နေလဲဦးနှောက်ထဲကဒီအမုန်းများ…. သိပ်ချစ်တယ်အရမ်းမုန်းတယ်ရောထွေးကုန်ပြီတကယ်ရူးတော့မယ်…. ဝဋ်ကြွေးများရယ်ငါ့ရဲ့အသိစိတ်မှာနင်ဟာနတ်ဆိုးပါကွယ်….. နှလုံးသားထဲကနင်ဟာအရှင်သခင်ပါပဲကွယ်…..”   အဓိပတိအဝါကိုစီးပြီးမြို့ထဲကိုလာရင်းပြတင်းပေါက်ကနေမြင်မြင်သမျှအရာအားလုံးကို ငေးမောနေရင်းနားထဲကိုစီးဝင်လာတဲ့ချမ်းချမ်းရဲ့သိပ်ချစ်တယ်အရမ်းမုန်းတယ်ဆိုတဲ့သီချင်းသံလေး ဒီသီချင်းလေးနားထောင်မိတော့ငိုချင်သလိုလိုဆွေးချင်သလိုလိုနဲ့ဘာရယ်မဟုတ်မောင့်ကိုပြေးသတိရမိတယ် မောင်ဂရုစိုက်ခဲ့တာတွေကိုတွေးမိရင်အရမ်းချစ်မိတယ် မောင်ရက်စက်တာတွေကိုတွေးမိရင်မောင့်ကိုအရမ်းမုန်းမိတယ် ဒီသီချင်းလေးထဲကလိုပဲကျွန်မမှာဝဋ်ကြွေးများပါလာလေသလား မောင့်အပေါ်မှာဦးနှောက်အသိနဲ့မချစ်သင့်တော့ပေမယ့် နှလုံးသားကချစ်နေဆဲပဲဆိုတာကျွန်မတယောက်သာအသိဆုံးပါ မောင့်ကိုမေ့ဖို့ကြိုးစားနေပေမယ့်မေ့မရတဲ့အကြင်နာတွေကြောင့် ကျွန်မနာကျင်နေရပါတယ်မောင် အသက်ရှုလိုက်တိုင်းတောင်မောင့်ကိုသတိရနေဆဲပဲမို့ မောင့်ကိုမေ့ဖို့ကြိုးစားလိုက်ရင်ကျွန်မအသက်ရှုရပ်သွားမလားလို့တောင် တွေးကြောက်မိပါတယ်မောင်ရယ် မောင့်အပေါ်မှာဝဋ်ကြွေးတွေများရှိခဲ့မယ်ဆိုရင်ဒီဘဝဒီမျှနဲ့ပဲအဆုံးသတ်ပါရစေလို့ ကျွန်မဆုတောင်းမိပါတယ်မောင် ခုကျွန်မရင်ထဲမှာတော့မောင့်ကိုသိပ်ချစ်သလိုအရမ်းလည်းမုန်းမိနေပါတယ်မောင် မောင့်အပေါ်မှာရှိတဲ့ကျွန်မအမုန်းတွေကိုမောင်ကိုယ်တိုင်ဖြေဖျောက်ပေးလှည့်ပါတော့နော် မောင့်ကိုသိပ်ချစ်သလိုအရမ်းမုန်းတဲ့ ချစ်သူ