2016 အစမှာ မြန်မာ့ရုုပ်ရှင်လောကဟာ အနည်းငယ်ပြောင်းလဲ လာခဲ့ပါပြီ။ မြန်မာဗွီဒီယိုလောကဟာ အပျက်ဘက်ကို ဦးတည်လာတာ တော်တော်များများ သိခဲ့ကြပြီး နောက်ပိုင်းမှာ ဗွီဒီယိုလောကဟာ ပျက်စီးသွားမယ်ဆိုတာ ကောက်ချက်ချထားကြပါတယ်။ သည်လိုနဲ့ ရုပ်ရှင်ဘက်ကို အချို့ချို့ဟာ ဦးတည်လာခဲ့ကြပါတယ်။   ပေါပေါလောလော စိတ်အပန်းဖြေ ဟာသဘက်ကို ဦးတည်လာတဲ့ ရုပ်ရှင်ဟာ အရင်ကနဲ့မတူ ဒရာမာ နဲ့ အခြား ဇာတ်လမ်းမတူတာ လေးတွေကို ချပြလာတာတွေ့ရပါတယ်။ မြန်မာ့ရုုပ်ရှင်နဲ့ အလှမ်းကွာဝေးခဲ့တဲ့ ကျတော်ဟာ 2015ခုနှစ် ဆန်ကာတင် ဇာတ်ကားထဲ မှာ ပါလာတဲ့ “တိုက်ဆိုင်မှု ရှိလျှင်” ဆိုတဲ့ ဇာတ်ကားက ပြန်လည် ဆွဲဆောင်ခဲ့ပါတယ်။   2016 အစပိုင်းမှာ ပြန်လည် ဆွဲဆောင်ခဲ့တဲ့ ဇာတ်ကားတစ်ကားကတော့ “ချစ်လှစွာသော … အမုန်း” ဆိုတဲ့ […]