သမီး ဒီနေ.ဟာ သမီးကြီးအတွက် ကျောင်းစနေကတည်းက ပထမဆုရခဲ.တာ ငါးကြိမ်မြောက် ဆုရတဲ.နေ.လေးပါပဲ။ တစ်နည်းအားဖြင်. သူငယ်တန်း ကနေစတုတ္ထတန်းအထိ ငါးနှစ် ဆက်တိုက် ပထမရတဲ.နေ.လေးပါပဲ။ ဒီလိုဆုတွေ ရတဲ.အတွက် အဖေ ဝမ်းသာ ပီတိ ကြီးစွာ ဖြစ်ရသလို အပျိုပေါက် ဘဝကို တက်လှမ်း တော.မယ်. ချစ်သမီးကြီးအတွက် အတွေးတစ်စ က အဖေ.စိတ်ထဲမှာ ဝင်ရောက်လာခဲ.တယ်။ အခုဆိုရင် အဖေ နဲ. အမေ လက်ထပ်ခဲ.ကြပြီး သမီးတို.ကို မွေးခဲ.ကြတာ ဆယ်စုနှစ်တစ်ခု ကိုကျော်လွန်ခဲ.တာကြာသွားခဲ.တာတောင် အဖေတို. သတိ မထားမိလိုက်ကြဘူး ။ လက်ထပ်ကာစမှာ အဖေနဲ.သမီးမေမေတို. အပျော်ကြီး ပျော်ခဲ.ကြတာ၊အဲဒီ အပျော်တွေ အကြာကြီးဆက်ရှိနေပေမယ်. သမီးတို.မွေးလာတဲ. အချိန်မှာ ပျော်နေရင်း နဲ.ပဲ စားဝတ်နေရေး ၊သမီးတို.အတွက်ပညာရေး တွေနဲ.ပဲ […]