etoneAugust 17, 20101min702
ချစ်သုဝေ၏ မွေးနေ့ အမှတ်တရအဖြစ် ရွှေပြည်သာ စေတနာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတွင် သွားရောက်လှူဒါန်း သရုပ်ဆောင် ချစ်သုဝေသည် မွေးနေ့ အမှတ်တရအဖြစ် ရွှေပြည်သာ ရှိ စေတနာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတွင် လှူဒါန်းမှုများအား ဩဂုတ်လ ၈ ရက်နေ့တွင် သွားရောက် ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။ ယင်းနေ့ မွန်းလွဲပိုင်းတွင် ချစ်သုဝေသည် စေတနာလူငယ်ဖွံ့ ဖြိုးရေး ပရဟိတဂေဟာရှိ ကျောင်းသူ ကျောင်းသား ၆၄ ဦးအား နေ့လယ်စာ ထမင်းနှင့် ရေခဲမုန့် ကျွေးမွေး လှူဒါန်းခြင်း၊ ထို့နောက် တစ်ဦးလျှင် ခေါင်းအုံးတစ်လုံး၊ မျက်နှာသုတ်ပုဝါ တစ်ထည်၊ အရုပ်တစ်ရုပ်စီပေးခြင်း တို့ကို ပြုလုပ်ခဲ့သည်ဟု သိရသည်။ ထို့နောက် ချစ်သုဝေသည် ကျောင်းရှိကလေးများနှင့်အတူ မျက်နှာပေါ်တွင် ပန်းချီဆေးခြယ်ပေးခြင်း၊ အဖွဲ့သုံးဖွဲ့ခွဲ၍ ပန်းချီရေးဆွဲ […]