ကာရံFebruary 6, 20141min1759
ကမ်းခြေဟိုအဝေးက အနမ်းခြွေလေသူတစ်ယောက် ပန်းခရေ အတူကောက်ခဲ့ဖူးတယ် အချစ်ကာရံလှလှလေးမှာ ငါအတွေးနယ်ချဲ့ဖူးတယ် သူပေးခဲ့ အကြင်နာတွေနဲ့ အမုန်းမိုးရွာတဲ့ည ငါ့နှလုံးသား စီးဆင်းဖူးတယ် အဲဒီည လမင်းအလင်းမဖြာဘူးလေ ချစ်သူရယ် အပြစ်မယူပါနဲ့နော် တစ်သက်မှာတစ်ယောက်ချစ်သူမို့ ဘဝဆက်ဆက်ဖြစ်တည်ရင်လေ အချစ်သေလို့ဝင်စားမယ့်သူပါ   ကာရံ  6.2.2014   မှတ်ချက်     အရင်ပို့တွေတုန်းက ပိတောက်မိုး နာမည်နဲ့သုံးခဲ့ပါတယ် အခု ကာရံ နာမည်ပြောင်းထားပါတယ်   ကဗျာချစ်သူ သူငယ်ချင်းအပေါင်း ကျေးဇူးတင်တယ်နော်