virusApril 24, 20121min1004
စမ်းရေတွေထက် စိမ် ့ရေတွေထက် ပိုပိုအေးတဲ့အချစ်တွေနဲ့ငါ မင်းဘဝတစ်ခုကိုပိုင်ဖို ့ ဖြားယောင်းကြည် ့ခဲ့တယ် ။ ။ ဘယ်တော ့မှမရတော ့ဘူးလား ကြေကွဲညနေတွေရဲ့အဆုံးသတ် အရင်လိုညနေတွေမှာ တိမ်တွေလိုမြောခွင် ့ရရင် အဲ့ဆည်းဆာအတွက် တစ်ခါလောက်တော ့ဂုဏ်ယူချင်သေးတယ် ။ ။ ဘယ်ဘဝရောက်ရောက်ပါချစ်သူ အရင်လိုကမ်းနေမယ် ့လက်တစ်စုံကတော ့ အရင်လိုပဲကြိုနေမှာပါ ။ ။ ပျက်ဆီးမှာမဟုတ်သလို ဖျက်ဆီးပစ်မှာလည်းမဟုတ်ခဲ့ဘူး ရင်နဲ့အမျှချစ်ရတာတွေအတွက် ဘယ်ဘဝဘယ်ဘဝတွေပဲရောက်ရောက် ချစ်မြဲချစ်နေမှာပါ အမြဲတမ်းအတွက်ပေါ့ ။ ။ ။ ။ ။ ။


etoneJuly 23, 20101min770
၁။ သင်ဖွင့်ပြောတာကို ကောင်လေးတွေငြင်းလိုက်တယ် ဆိုပေမဲ့ သူသင့်ကိုအရမ်းကျေးဇူးတင်နေမှာ ပါ။ ၂။ သင်တကယ်ချစ်ရင် သင့်ရဲ့စိတ်ရင်းကိုပြောပြလိုက် ပါ…. စောင့်မနေပါနဲ့။ ကောင်လေးတွေဟာ အသဲကွဲ နာကြင်ရင် ပြန်မကောင်းတတ်လို့ပါ။ ၃။ သင်သိပ်မဆိုးပါနဲ့။ သူတို့မှာလည်း အတိုင်းအတာတစ်ခုတော့ရှိတာပေါ့။ ၄။ သင့်အပေါ်သူဆိုးနေတယ်ဆိုတာဟာ သင့်ကိုချစ်လို့ပါ… သင့်ကို အရင်းနှီးဆုံး၊နားလည်မှုအပေးဆုံး လို့သတ်မှတ်ထားလို့ပါ။ ၅။ သင့်အတွက် ဆိုပြီးပေးတဲ့ ဟာတွေကို သင်ကမကြိုက်ဘူးဆိုပြီးမလုပ်ပါနဲ ့ သူတစ်ညလုံးစဉ်းစားထား တဲ့အတွေးတွေပါတယ်။ ၆။ သူ့ကိုယုံကြည်ပါ အားပေးပါ သင့်အတွက် လုပ်ဆောင်နေတာချည်းပါပဲ။ ၇။ သူ့ကိုသံသယမဝင်ပါနဲ့ “ဘယ်သွားမလဲ” ဆိုတဲ့မေးခွန်းမေးမဲ့အစား “သတိထားသွားလို့ ပြောပါ။ ၈။ ချစ်တယ်ဆိုတာပဲပြောမနေနဲ့ ဒါပေမဲ့ မပြောဘဲနဲ့လဲမနေနဲ့ တခါတရံ သူတို့က ဒီစကားကိုပိုကြား ချင်တယ်။ ၉။ သူသင့်အတွက်မျက်ရည်ကျတယ်ဆိုတာ တကယ်ချစ်လို့ပါ.. […]