manawphyulayDecember 2, 20111min13712
ဆောင်းဦးအဝင် မြူတွေဆိုင်းစ ကာလမှာ ပွင့်ကာစ ဆောင်တော်ကူးတွေရဲ့ ပန်းချီကားချပ်နှင့်အတူ မြက်ပင်ရှည်ရှည်တွေ လေယူရာယိမ်း ဖွေးလှုပ်နေတာ ငေးကြည့်ရင်း ကျွန်မ ပျော်မိတယ်… မမြင်နိုင်တဲ့ တစ်နေရာဆီက ချစ်သူရဲ့သတင်းကို ဆောင်ယူလာခဲ့ လေပြည်တွေဟာ ကျွန်မကို နှုတ်ဆက်ပြီး ကျောခိုင်းသွားကြတယ်လေ… ကျွန်မရင်ထဲက လှုပ်ရှားပျော်မွေ့ရင်း ငှက်ကလေးတွေရဲ့ တေးဆိုသံဟာလည်း နားထဲမှာ ချိုမြနေတယ်… အရုဏ်ဦးကနေ ကြယ်ကလေးတွေ မြင်ရသည်အထိ သဘာဝရဲ့ အလှတရားတွေကို ကျွန်မ ခံစားနေမိတယ်…. ကျွန်မ သိခွင့်မရှိတဲ့ တစ်ချိန်ချိန်မှာ ကျွန်မအတွက် တောက်ပတဲ့နေ့ရက်တွေ ရောက်လာတော့မယ်ဆိုတာ ကျွန်မ သိနေခဲ့ပါတယ်… သည်အခါမှာ ကျွန်မတစ်ယောက်ထဲပဲ ကျေနပ်စွာ ပြုံးနေလိုက်တယ်… သည်အချိန်မှာ နှင်းငွေ့တွေဟာ ချစ်ခြင်းရနံ့တွေနှင့် သင်းပျံ့စွာ လှလို့ နေပါတော့တယ် ချစ်သူရယ်…