Ma MaJune 18, 20152min20916
မလတ်ရေးတဲ့ ချစ်ညီမ သို့ ဆိုတဲ့ပိုစ့်ကို ဖတ်ပြီး ဝင်လားတဲ့အတွေးလေးပါ။   patriotism နဲ့ chauvinism အကြောင်းကို မလတ်ပိုစ့် https://myanmargazette.net/215855/comment-page-1#comment-404029 မှာ ရှင်းပြထားတာမို့ အထူးမပြောလိုပါဘူး။   patriotism အမျိုးသားရေးစိတ်ဓာတ်နဲ့ chauvinism မျိုးချစ်စိတ်ဓာတ်ဆိုတာကိုဖတ်ပြီး…….. ကြုံခဲ့ဖူးတဲ့ မြင်ကွင်းတစ်ခုကို သွားသတိရမိတယ်။   တစ်ခါတုန်းက လမ်းသွားရင်း ကလေး၂ယောက် ရန်ဖြစ်နေကြတာကို တွေ့လိုက်ရတယ်။ ပြောရလွယ်အောင် မောင်ဖြူနဲ့ မောင်နီလို့ နာမည်ပေးလိုက်မယ်။   မောင်နီက မောင်ဖြူကို ရိုက်ပုတ်ကုတ်ခြစ်တယ်။ မောင်ဖြူက ပြန်ခုခံပေမယ့် မနိုင်တော့ ဒါဏ်ရာဒါဏ်ချက်တွေနဲ့ ငိုယိုပြီး ပြန်သွားတယ်။   မောင်ဖြူ့မိဘတွေက လမ်းဘေးဈေးသည်တွေ။ သားဖြစ်သူ ငိုယိုပြီးရောက်လာတော့ အဖေဖြစ်သူက မေးတယ်။   အကျိုးအကြောင်းသိတော့ ဒေါသတကြီးနဲ့  မောင်နီဆီကိုသွားတယ်။ ကလေးကို  […]