ကာရံMay 14, 20131min841
ချစ်နှမငယ်များအတွက် မေတ္တာလက်ဆောင်ပါ အမှားပါရင် တောင်းပန်ပါတယ်  အပြုသဘောဆောင်ခြင်းပါ ကောင်းကင်ထက်က နတ်ပန်းချီ အရောင်အသွေးစုံလို့ညီ ရိုးသားစိတ်ကလေး အရောင်ရယ်ကင်း ချစ်နှမလေး ရွှန်းလဲ့ဝင်း စိုပြေလှပ သူ့ဟန်သွင် မြင်သူတစ်ခါ ငေးမောချင် မာယာမဲ့တဲ့သူ့နှုတ်ခမ်း ရွှေဝါရောင်ယှက်ကာသန်း သူ့ပါးဘယ်ညာ ညီလှစွာ သနပ်ခါးလေးနဲ့ချစ်စရာ ဝင်းပနေတဲ့လမင်းပမာ အချစ်ဆိုတဲ့အက္ခရာ မြည်းစမ်းမကောင်းတဲ့အရာ အမှန်တော့တဲ့မေတ္တာတရား ခမ်းခြောက်မသွားတဲ့ အတ္တစကား အနားမှာမထားနဲ့ ချစ်နှမများ    ပိတောက်မိုး