Khaing KhaingApril 25, 20121min22931
တွေ့ကြုံခဲ့တာတွေကို ပြောပြချင်လို့ ပြောချင်သလိုပဲ အစီအငေါမတည့် ပြောလိုက်တော့မယ်နော် ……… ၁ … သင်္ကြန်မတိုင်ခင်က အိမ်မှာအင်တာနက်လေးသုံးလို့ရအောင်ဆိုပြီးတော့ ငွေဖြည့်ကဒ်လေး ၂ ကဒ်ဝယ်ထားမိပါတယ် ၁ ကဒ်ကအခြစ်ကြမ်းတော့ အဖတ်လိုက်ကွာထွက်သွား တယ်ရှင် အမလေးစိတ်ညစ်လိုက်တာ ပိုက်ပိုက် ၁သောင်းတော့ဆုံးပါပီ ဒါနဲ့ကွာပြီးလိပ်နေတဲ့အဖတ်လေးကို စာအုပ်ကြားထဲညှပ်ထားလိုက်တယ် သင်္ကြန်ပြီးမှ ငွေမှင်လေး ကိုခြစ်ကြည့်လိုက်တယ် ပျက်သွားတဲ့ ဂဏန်းက ၅ လုံးတောင်မှရှင် ဒါနဲ့လက်နှိပ်ဓာတ်မီးတွေ သွားကြားထိုးတံတွေ စတဲ့ကိရိယာတံဆာပလာအစုံသုံး ချွေးပြိုက်ပြိုက်ကျအောင်ကိုလုံးပန်းတော့ ပေါ်လာပါတယ် ကဒ်ကဟာနဲ့ပြန်ဆက်စပ်လို့ရသွားတယ် အမလေးပျော်လိုက်တာ တော်သေးတယ် ၁ သောင်းမဆုံးလို့ …….. အားလုံးပဲ ငွေဖြည့်ကဒ်က ငွေမှင်လေးကိုခြစ်မယ်ဆို အသားလေးသတိနဲ့ခြစ်စေချင်ပါတယ် …………   ၂……. သင်္ကြန်ပြီးတော့ ရုံးပိတ်ရက်ကကျန်သေးတယ်လေ ဒါနဲ့ အမျိုးတွေကို သတိရတာနဲ့သွားကြည့်ဖြစ်တယ် ရန်ကုန်က ZOO ကိုပြောတာနော် […]