fattyAugust 23, 20111min26130
မြန်မာပြည်မှာရှိတဲ့ လစာငွေဒေါ်လာနဲ့ရကြသူတွေမှာ ဒေါ်လာ ၁၀၀ဝ စားဆိုတာ အတော်နဲမှာပါ ..။ အခုအတိုင်းဆို ၁၀၀ဝ စားမှ မြန်မာငွေနဲ့ ရ သိန်းကျော်ဘဲရှိတော့တယ်။ သမ္မတကလည်း အဲဒီဂရက်တွေအတွက်ကြိုတင်ပြင်ဆင် ထားကြဖို့တိုက်တွန်းနေပါပြီ။ အဓိကကတော့ Export သမားတွေအလုပ်မဖြစ်ကြတော့ပါဘူး …။ သူတို့အလုပ်မဖြစ်တော့ ဒီက ထွက်ကုန်တွေ အရောင်းထိုင်း ..။ ကုမ္မဏီဝန်ထမ်းတွေ မျက်နှာပန်းမလှ ဖြစ်ကုန်ကြရပါပြီ။ ဘောစိမျက်နှာကြည့်နေရတာဆိုတော့ ဘောစိမျက်နှာက အောက်သိုးသိုးဆိုရင် ဝန်ထမ်းတွေမှာ ဘယ်တော့ငါတို့ဘက် လှည့်လာမလဲဆိုပြီး ရင်တမမ နေကြရတာပါ ..။ အစိုးရက Export သမားတွေအတွက် အခွန်အခတွေလျှော့ပေးနေပေမဲ့လဲ မကာမိအောင်ကို ဖြစ်နေပါတယ် ..။ မြန်မာငွေမာလာတယ်ဆိုရအောင်ကလည်း ဒီမှာပစ္စည်းဈေးတွေက အီလက်ထရောနစ်ပစ္စည်းတွေကလွဲရင် အခြေခံစားသောက်ကုန်က ဈေးမကျပါဘူး ..။ ဈေးမကျတဲ့အပြင် ရာသီဥတုကြောင့် ပျက်စီးမှုတွေရင်ဆိုင်နေရတော့ ပိုပြီးဈေးတက်ဖို့သာရှိနေပါတယ် ..။ […]