koyegyiOctober 13, 20101min1033
လွန်ခဲ့တဲ့ ၆၉ ရက်က ချီလီ မိုင်းတွင်းတစ်ခုမှာ ပိတ်မိနေခဲ့တဲ့ အလုပ်သမားတွေကို တစ်ကမ္ဘာလုံးကစိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။ ဒီနေ့ ၁၃-၁၀-၂၀၁ဝ မှာ ကယ်ဆယ်မှုစတင်နေပြီဖြစ်ရာ မြန်မာစံတော်ချိန် ည ၈း၃ဝ လောက်အထိ မိုင်းအလုပ်သမား ၁၃ ယောက်ခန့်ကို ကယ်တင်ရရှိခဲ့ပြီဖြစ်ပါတယ်။ ဒီသတင်းကို သတင်းဌာနတွေဖြစ်တဲ့ CNN နဲ့ BBC ရုပ်သံတွေက LIVE ထုတ်လွှင့်ပေးနေပါတယ်။ စိတ်ဝင်စားရင် ကြည့်လိုက်ကြပါဦးလို့ လက်တို့လိုက်ပါရစေ။