black chawJanuary 18, 20131min28930
စကားအတင်းစပ်လို့ ပြောရရင်ဖြင့်… ကျွန်ုပ်ဘလက်ချောရဲ့ အမေ ဖြစ်သူဟာ ဆေးရံတင်ထားရပါတယ်…။ ရောဂါကတော့ သွေးတိုးရောဂါဖြစ်ပြီး သွေးတိုးတိုင်း နှာခေါင်းထဲက သွေးတွေ ဒလဟော စီးကျနေတဲ့ ရောဂါ ပဲ ဖြစ်ပါတယ်…။ ဒီလ ၁၄ ရက်နေ့ကတည်းက ဆေးရုံတင်ထားရတဲ့ ကျွန်တော့် အမေဟာ ဒီနေ့ ၁၈ ရက်နေ့အထိလည်း ဆေးရုံက ဆင်းခွင့်မရခဲ့သေးပါဘူး…။ ဆိုတော့… သဘက်ခါ ၂ဝ ရက်နေ့မှာ ကျင်းပမယ့်… မန်းဂဇက်ရဲ့ ဆုပေးပွဲကို ကျွန်ုပ် ဘလက်ချောမှ အလွန်တက်ရောက်ချင်သော ဆန္ဒရှိနေပါသော်ညားလည်း သေချာရေရာသော အနေအထား ရှိမနေခဲ့ပါ…။ ထို့ကြောင့်… အဆိုပါပွဲအား… မတက်ရောက်နိုင်ခဲ့ပါက… ခွင့်လွှတ်နားလည် စာနာပေးကြပါမည့်အကြောင်း… မျက်နှာအောက်ကျို့၍ တောင်းပန်အပ်ပါကြောင်း… ကြိုတင်ခွင့်တိုင်ကြားအပ်ပါသည်…။ လေးစားချစ်ခင်သော စိတ်ရင်းဖြင့် ဒုက္ခသည် ဘလက်ချော…။