နွယ်ပင်June 14, 20111min1598
လောကမှာ သိပ်ကို ရင်းနှီးနေကြတဲ့ လူတွေအတွက် ခွင့်မတောင်းစရာကို မလိုတဲ့ကိစ္စတွေအများကြီးပါ ဥပမာ အလုပ်တစ်ခုမှာ နှစ်လ ကြာရှည်စွာ အတူတူလုပ်နေကြတဲ့ သူအချင်းချင်း တစ်ယောက်က အလုပ်များနေရင် ငါ ကူလုပ်ပေးရမလားဆိုတဲ့စကားက မလိုအပ်တာသေချာပါတယ် ဒီလိုပါပဲ သိပ်ရင်းနှီးနေကြတဲ့ လူနှစ်ယောက်ကြားမှာရှိတဲ့ တစ်ချို့ကိစ္စတွေဆိုရင်လဲ ခွင့်တောင်းဖို့ လိုကိုမလိုအပ်တာပါ … – မင်း အနားမှာ ကိုယ့်ကို အမြဲ ရှိနေခွင့်ပေးပါ… (ခွင့်တောင်းရန်မလိုပါ) ဘာဖြစ်လို့လဲဆိုတော့ မင်းအနားမှာ ကိုယ်ကလဲ အမြဲရှိချင်နေချင်သူမို့ပါ … – မင်းနဲ့အတူတူ ကိုယ်လဲလိုက်ပါရစေ …(ခွင့်တောင်းရန်မလိုပါ) ဘာဖြစ်လို့လဲ ဆိုတော့ မင်းမလိုက်ရင်တောင် ကိုယ်က ခေါ်ချင်နေသူမို့ပါ… – မင်းအတွက် ကိုယ် ဘာများလုပ်ပေးရမလဲ….(ခွင့်တောင်းရန်မလိုပါ) ဘာဖြစ်လို့လဲဆိုတော့ မင်းဘာမှ မလုပ်ပေးရင်တောင် မင်းအနားမှာရှိနေတာလေးနဲ့တင် အရာရာပြည့်စုံနေသူမို့ပါ – […]