ဆူးOctober 20, 20101min1568
တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဇူပြည်နယ်ရှိ ငါးရှဉ့်မွေးမြူရေးကန်တစ်ခုတွင်အလုပ်လုပ်ကိုင်သူ လီချမ်း(၄၃)နှစ်သည် ဟင်းလျာအတွက်ရည်ရွယ်ပြီး မွေးမြူထားသော ငါးရှဉ့်များပြည့်နှက်နေသည့် ကန်အတွင်းသို့ ခြေချော်ကျသွားခဲ့ပြီး ငါးရှဉ့်တစ်ကောင်မှာ မရိုသေစကားဗျာ…အားလုံးကို တောင်းပန်ပါတယ်နော်…..စအိုမှ တဆင့် ဝမ်းဗိုက်အတွင်းသို့ ဝင်သွားခဲ့သည်။ ယင်းကန်အတွင်းမှ ပြန်တက်လာပြီးနောက် သူသည် ယင်းမွေးမြူရေးစခန်းတွင် အလုပ်ဆက်လုပ်နေသော်လည်း နာရီအနည်းငယ် အကြာတွင် ဝမ်းဗိုက်ထဲမှ လွန်စွာ နာကျင်မှုကြောင့် လဲကျသွားခဲ့သည်ဟု ဆိုသည်။ထို့နောက် လုပ်ဖော်ကိုင်ဖက်များက ဆေးရုံ အရေးပေါ်ဌာန သို့ အကြောင်းကြားခဲ့ ပြီးနောက် ဆရာဝန်များက ဗိုက်ထဲရောက်နေသောငါ့ရှဉ့်ကို ငါးနာရီကြာခွဲစိတ်ကုသမှု ပြုလုပ် ဖယ်ထုတ်ပေးခဲ့ရပြီး ဗိုက်ထဲတွင် ငါးရှဉ့်လူးလွန့်မှုကြောင့် ဖြစ်ပေါ်ခဲ့သော ထိခိုင်ဒဏ်ရာ များကိုလဲ ကုသပေးခဲ့ရကြောင်း သိရသည်။ တကယ်လို့များ ဆေးရုံကို နောက်ကျမှ ရောက်ရှိလာပါက သေစေလောက်သည် အထိ အသက်အန္တရာယ်ရှိကြောင်း ဆေးရုံမှ ပြောရေးဆိုခွင့် ရှိသူက […]