fattyJuly 4, 20111min15418
ရန်ကုန်မြို့ ဂျမခါနာဆေးရုံမှာ ကလေးမွေး မည့်သူများကို အရေးပေါ်မဟုတ်ပါက ခွဲစိတ်မွေးဖွားပေးခြင်း လုပ်မပေးတော့ဘူးလို့သိရပါတယ်။ အရင်ကတော့ လိုချင်တဲ့နေ့ခွဲမွေးပေးဟန်တူပါတယ် ..။ ဘာကြောင့် မလိုအပ်ဘဲ ခွဲမွေးချင်ရတာလဲ ……။ ကျနော်သိသလောက်ကတော့ …………………….. ၁. မိန်းကလေးများ မမွေးခင် နာကျင်မှု ဝေဒနာ မခံစားချင်ကြရျ်။ ၂. ဗေဒင်ကိန်းခန်းအရ နက္ခတ်များ အကောင်းဆုံးအနေအထား ဖြစ်နေသည့်အချိန် ကိုလိုချင်ခြင်း။ ၃. အမျိုးသားများ၏ တောင်းဆိုမှု အရသော်လည်းကောင်း ( ကျနော်သိသလောက်ကတော့ အမျိုးသားများ၏ တောင်းဆိုမှုထက် အမျိုးသမီးများကိုယ်တိုင်က ကိုယ့်ယောကျာင်္း ဖေါက်ပြန်မှာကိုကြောက်ပြီး ဆရာဝန်ကို ပြုပြင်ခိုင်းခြင်း ….တို့ကြောင့်ဖြစ်ပါတယ်။) ယခုအခါ ထိုသို့မလိုအပ်ဘဲခွဲစိတ်မွေးဖွားလိုပါက ပုဂ္ဂလိက ဆေးခန်းများမှာသာ လုပ်ပေးပါတော့တယ် ။