DSC00661-Large-600x800.jpg

black chawSeptember 12, 20111min20412
MaMa ရေ ကျွန်တော်တို့ ဂယာကိုသွားတုန်းက အကြောင်းလေး နည်းနည်းလောက် ပြန်ပြောပြချင်တယ်။ ကိုယ့် ပိုက်ဆံနဲ့ကိုယ်သွားတာမဟုတ်ပါဘူး။ ဟဲဟဲ ဆပွန်ဆာ ဘိုင် ယောက္ခမကြီးလင်မယားပါ။ ကျွန်တော်တို့လင်မယားက ယောက္ခမကြီးလင်မယားကို အဖေါ်အဖြစ်လိုက်ပေး ရတာပေါ့။ သွားတာက နီလာ ဘုရားဖူးအဖွဲ့နဲ့ပါ။ ကျွန်တော့် ယောက္ခထီးကြီးက လမ်းသိတ်မလျှောက်နိုင်တာနဲ့ ဂယာတစ်ခုတည်းကို တစ်ယောက် (၇) သိန်းနဲ့ ဈေးညှိပြီး သွားခဲ့တာပါ။ ပတ်စ်ပို့ရှိပြီးသားဆိုတော့ လေးသောင်းစီလျှော့ပေးပါတယ်။ ဒီကသွားတော့ နီလာ ဘုရားဖူးအဖွဲ့တွေနဲ့ လေဆိပ်မှာ ဓါတ်ပုံတွေ ဗီဒီယိုတွေ မှတ်တမ်းရိုက်ရပါတယ်။ လေဆိပ်မှာ ယောက္ခထီးကြီးအတွက် နီလာက ဝှီးချဲ ငှားပေးပါတယ်။ အခက်အခဲတစ်စုံတစ်ရာမရှိပဲ အိန္ဒိယလေကြောင်းလိုင်း လေယဉ်ပေါ်ကို တက်ခွင့်ရပါတယ်။ နေ့လယ် ၁ နာရီလောက်မှာ လေယဉ်ထွက်ပါတယ်။ ထူးခြားတာက လေယဉ်မယ် ကုလားမကြီးတွေက အသက်တော်တော်ကြီးပါတယ်။ […]